[10+11]

6.4K 879 23
                                    

[Unicode]

010:မိသားစုရဲ့ပိုင်ဆိုင်မှုတွေကို ခွဲခြမ်းပြီး အိမ်ခွဲနေခြင်း (3)

သူတို့လည်း ဆီမီးမထွန်းတော့ဘဲ အမှောင်ထဲမှာပင် အိပ်ယာဝင်ခဲ့ကြသည်။
ချင်မျန်သည် မကြာမီတွင် ဤမိသားစုက​​နေ ခွဲခွာပြီး နေထိုင်ရ​တော့မည်ဖြစ်တာ​ကြောင့် သူ့ခန္ဓာကိုယ်ပေါ်ကို လွှားခြုံထားသည့်  ဟောင်းနွမ်းနေသော ချည်ထည်စောင်ပင် သက်တောင့်သက်သာရှိသလို ခံစားခဲ့ရသည်။အိမ်ခွဲပြီး နေထိုင်ရတာနှင့် နှိုင်းယှဥ်ရင် တခြားသော ဝမ်းနည်းစရာတွေက ဘာမျှမဟုတ်။

"စကားမစပ် မိသားစုရဲ့စည်းစိမ်တွေကို ခွဲဝေပေးပြီးရင် ဘယ်မှာသွားနေကြမလဲ?" ချင်မျန်က အရေးကြီးဆုံးအရာကို ဆွေး​နွေး​နေသည်ဟု ရုတ်တရက် တွေးတောမိရင်း အသံတိုးတိုးဖြင့် မေးလိုက်သည်။

အမှောင်ထဲတွင် လဲ့ယ်ထျဲက ခေတ္တတုံ့ဆိုင်းသွားသည်။ “သက်ကယ်အိမ်တစ်အိမ်ဆောက်ဖို့လောက်​တော့ လက်ထဲမှာ ပိုက်ဆံအလုံအလောက်ရှိတယ်။”
ချင်မျန်က အမှုမဲ့အမှတ်မဲ့ပြုံးပြီး "ကျွန်တော်တို့ ဒီကနေ ထွက်သွားနိုင်မယ်ဆိုရင် ဂူထဲမှာတောင် နေနိုင်တယ်"

ဒီနေရာက​နေ ထွက်သွားရင် ပိုက်ဆံရှာနိုင်ပြီ။

လဲ့ယ်ထျဲက အ​တော်ကြာသည့်အထိ စကားဆက်မ​ပြောတာကြောင့် ဒီလူအိပ်​ပျော်သွားပြီလား ဆိုတာ မသိ​ချေ။ချင်မျန်က​တော့ အိပ်မပျော်ပေ။သူ ထမထိုင်ခင် တစ်နာရီနီးပါးလောက် လှန်လိုက်​မှောက်လိုက်လုပ်​နေ၏။

"ဘယ်သွားမလို့လဲ?"

လဲ့ယ်ထျဲ၏အသံသည် ရုတ်တရက် ထွက်ပေါ်လာသည်။ချင်မျန် လန့်သွား၏။ကံကောင်းထောက်မစွာ သူ အစားအစာတွေကို နယ်​မြေထဲက​နေ မထုတ်ခဲ့လို့သာပဲ။သူ့ဗိုက်ကိုထိလိုက်ပြီး သက်ပြင်းချလျက် ပြောလိုက်သည်။ "ဗိုက်ဆာလို့"

သူ ဖွံ့ဖြိုးနေတဲ့အချိန်မှာ ကြက်ပေါင်တစ်​ချောင်း ကြက်ဥတစ်လုံးလောက်နဲ့ ဘယ်လိုလုပ်ဗိုက်ပြည့်နိုင်မလဲ။ကျန်တဲ့ အစားအသောက်တွေကိုတောင် သော့တစ်ချောင်းတည်းကိုကိုင်​ဆောင်ထားတဲ့ တုရှီက ဗီရိုထဲမှာ သော့ခတ်သိမ်းထားသေးသည်။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||حيث تعيش القصص. اكتشف الآن