[37]

4.9K 740 4
                                    

[Unicode]

037: မျက်နှာအရေထူလွန်းတယ်

အခန်းအပြင်ဘက်တွင် နောက်ထပ် အမျိုးသမီးအသံများစွာ ထွက်ပေါ်လာသဖြင့် ချင်မျန်သည် ပုံဆွဲနေရာမှ ခေါင်းကိုမော့ကာ တံခါးမဖွင့်မီ ခဲတံကို နယ်​မြေထဲသို့ ပြန်ထည့်လိုက်သည်။

တုရှီ၊ ကျိုးရှီ နဲ့ ချင်းရှီတို့သည် မီးဖိုချောင်ရှေ့တွင် ခေါင်းကို မြင့်မြင့်မော့ထားကာ ရပ်နေကြသည်။လဲ့ယ်တာ့ပေါင်နှင့် လဲ့ယ်ရှောင်ပေါင်တို့သည်လည်း ကျိုးရှီ၏ခြေထောက်တွေကို ဆုပ်ကိုင်ထားကာ ရေဇလုံအတွင်းမှ မချက်ရသေးသည့် ရစ်ဌက်များကို ကြည့်ပြီး သွားရည်ယိုနေတော့သည်။လဲ့ယ်ရှင်းရှင်းသည်လည်း သူမလက်ချောင်းကို စုပ်ရင်း ချင်းရှီ၏လက်ကို ကိုင်ထားပြီး ထိုနေရာတွင် ရှိနေသည်။

မရီးကျန်းနဲ့ ဒေါ်​လေးဝမ်တို့သည် ကိုးယိုးကားယား
ဖြင့် ထရပ်လိုက်ကာ ဒေါသတကြီးဖြင့် ရေစို​နေသည့်လက်တွေကို လက်သုတ်ဖြင့် သုတ်လိုက်ကြသည်။
ချင်မျန် သဘောပေါက်သွားပြီ။မရီးကျန်းနဲ့ဒေါ်​လေးဝမ်တို့အနိုင်ကျင့်ခံခဲ့ရခြင်းဖြစ်​ပေမည်။သူ အသံမြှင့်ပြီး ပြောလိုက်၏။ “အမေ၊ လောင်အာ့ဇနီးနဲ့ လောင်စန်းဇနီးတို့ ဘာလို့ ဒီကို ရောက်လာရတာလဲ?”

ကျိုးရှီက ပျံတံတံနန့်တန့်တန့်ဖြင့် ရယ်မောလိုက်သည်။ “လောင်တာ့ဇနီး ..ရှင် အလုပ်သမား​တွေကို နေ့လယ်စာ ချက်မ​ကျွေးချင်တော့ဘူးလား?ကျွန်မတို့က ထမင်းချက်ဖို့ လာကူပေးတာလေ။ဒါပေမယ့် ရှင်က တခြားလူတွေကို ခေါ်ထားမယ်လို့ ကျွန်မတို့ မမျှော်လင့်ထားဘူး။"

တုရှီ၏မျက်နှာက တင်းမာသွားသည်။ "လောင်တာ့ဇနီး...နင်က ငါနဲ့နင့်အဖေကို အလေးအနက်မထားတော့ဘူးလား?"

“ဟုတ်တယ်... ဆွေမျိုးတွေထက် အပြင်လူ​တွေကို ခေါ်​နေတာက.......” ချင်းရှီက ရည်ရွယ်ချက်ရှိရှိ တစ်ဝက်တစ်ပျက်ပြောလိုက်သည်။

မရီးကျန်းနဲ့ ဒေါ်​လေးဝမ်တို့က မျက်မှောင်ကြုတ်ရင်း တိတ်ဆိတ်နေခဲ့၏။အခုလေးတင်ပဲ တုရှီနဲ့ သူ့အပေါင်းအသင်းတွေရဲ့ ရိုင်းစိုင်းတဲ့စကားတွေက သူတို့နှစ်ယောက်ကို ဒေါသထွက်စေခဲ့သည်။သူမတို့ကို ချင်မျန် နဲ့ လဲ့ယ်ထျဲတို့က ခေါ်ထားခြင်းဖြစ်ပြီး သူတို့နဲ့ ဘာမှမသက်ဆိုင်​ပေ။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Nơi câu chuyện tồn tại. Hãy khám phá bây giờ