[95]

3.1K 463 12
                                    

[Unicode]

095 - လက်နက်ကိုင်အ​စေခံများ


လဲ့ယ်ထျဲ ဟင်းသီးဟင်းရွက်တွေကိုခူးပြီးနောက် နေရာလွတ်မှ ထွက်လာတော့ ချင်မျန်က ဟင်းချက်​နေရင်း လွန်ခဲ့တဲ့ရက်အနည်းငယ်က သူ့အတွေ့အကြုံတွေကို မေးမြန်းနေခဲ့သည်။ လဲ့ယ်ထျဲ တစ်ခုပြီးတစ်ခု ပြောပြလိုက်သည်။ သူ တိုတိုတုတ်တုတ်သာ ပြောခဲ့ပေမဲ့ ချင်မျန်က​တော့ သူ အိမ်ပြန်လာဖို့ လမ်းမှာ မရပ်မနားဘဲ အ​ပြေးနှင်လာခဲ့တာကို သိလိုက်ရပြီး သူ့နှလုံးသားကို နွေးထွေးသွားစေခဲ့သည်။

ဟေး...ဒီလိုလူကောင်းလေးက သူ့အပိုင်ပဲ!

ပါးပါးလှီးထားတဲ့အသားတွေနဲ့ ခရမ်းသီးကို ရောချက်လိုက်ပြီး ရွှေကြက်သွန်ဖြူနံရိုးပေါင်း၊ ဝက်သားချိုချဥ်၊ ခေါက်ဆွဲနှင့် ကြက်ဥမွှေချက်၊ မုန့်ညင်းကြော်ချက်တို့ကို ချက်လိုက်သည်။

"အာဝူး” ပိုင်တျန့်​လေးသည် အအေးဒဏ်ကြားထဲမှာ ကျန်ရစ်မ​နေချင်ခဲ့ဘဲ ချင်မျန်၏ခြေထောက်များကို ပွတ်သပ်နေခဲ့သည်။

ချင်မျန် ပြုံးပြီး သူ့အတွက် အသားနှင့်အရိုးတချို့ လှီးဖြတ်ပေးလိုက်၏။

ချင်မျန်က နေ့ခင်းဘက်တွင် အလွန်အိပ်ထားခဲ့သည်မို့ ညဘက်တွင် ထပ်မအိပ်နိုင်တော့ပေ။ လဲ့ယ်ထျဲလည်း အိပ်မပျော်ဘဲ သူ့ကို အ​နောက်က​နေ ပွေ့ဖက်ထားကာ ခန္ဓာကိုယ်ပေါ်  ညာဖက်လက်ဖဝါးဖြင့် မမှန်မကန် လှုပ်ရှားပွတ်သပ်​နေ၏။

ချင်မျန် ရင်ခုန်နေပြီး နောက်ထပ် ပိုမိုရင်းနှီးတဲ့ အထိ​အ​တွေ့​တွေ ကြုံလာရမှာကို စိုးရိမ်နေသည်။ သို့သော် သူ ငယ်ရွယ်စဉ်က ကျန်းမာရေးမကောင်းသည့်အတွက် X-life ကို ဦးဆောင်ရန် ကြောက်ရွံ့ခဲ့သည်။

သူ့ကို ဘာလို့ bottom ထင်​နေရတာလဲ? ဒါ​ပေမယ့် လဲ့ယ်ထျဲရဲ့ အရပ်၊ ကိုယ်ခန္ဓာနှင့် ကြွက်သားတွေကို ကြည့်ရင်း ချင်မျန်တစ်​ယောက် သူ့ကို ဖိထားနိုင်ပါ့မလား?

လဲယ်ထျဲသည် သူ့ညဝတ်အင်္ကျီတွေကို ပင့်တင်လိုက်ပြီး သူ့နောက်က အသက်ရှူသံတွေက ပိုနီးကပ်လာကာ နောက်ဆုံးမှာတော့ သူ့နားထဲသို့ တိုးဝင်လာသည်။ နောက်တော့ လက်တစ်ဖက်က သူ့ဆံပင်တွေကို သိမ်းဖယ်လိုက်ပြီး သူ့လည်ကုပ်ကို ပူ​နွေးတဲ့အနမ်းတစ်ပွင့်ကျ​ရောက်လာပြီး ပြင်းပြင်းထန်ထန် စုပ်ယူလိုက်သည်။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now