[61]

5K 698 19
                                    

[Unicode]

061: ပိုင်တျန့်

ဗိုက်ဖြည့်ပြီးနောက် တောဝက်ကိုသယ်လာကာ တောင်​ပေါ်က​နေ ဆင်းလာခဲ့ကြသည်။
အနက်​ရောင်ဝံပုလွေလေးသည် ချင်မျန်နောက်က​နေ တိတ်ဆိတ်စွာ လိုက်လာခဲ့သည်။
ဝူတိက အံ့သြစွာနဲ့ "တောင်ပေါ်က​နေဆင်းတဲ့အထိ
မရီးနောက်က​နေ လိုက်မှာတော့ မဟုတ်ဘူးမလား?"

ချင်မျန်က​တော့ ပိုလို့​တောင်ပျော်သွား၏။အိမ်တွင် သူနှင့်လဲ့ယ်ထျဲသာ ရှိကာ အရမ်းကိုအထီးကျန်ရ​လေသည်။သူ အိမ်မွေးတိရိစ္ဆာန် တစ်ကောင်,ကောင်ကို မွေးချင်နေခဲ့တာ ကြာပြီ။ဝံပုလွေနက်လေးက သူတို့နောက်က​​နေ လိုက်ဖို့ ဆန္ဒရှိနေရင် အရမ်းကောင်းတာ​ပေါ့။

"လိုက်ချင်ရင် လိုက်ပါ​စေ" ချင်မျန်သည် တွေးဆဆဖြင့် “ဒါပေမယ့် စတုတ္ထညီ၊ အစ်ကိုကျန်း နဲ့ ဝူတိတို့က ရွာသားတွေကို မကြောက်လန့်သွား​စေဖို့ ဝံပုလွေလို့ မပြောဘဲနေတာ ပိုကောင်းမယ်ထင်တယ်။”

ကျန်းတ​ရွှေနှင့် အခြားနှစ်ယောက်ကလည်း လက်ခံခဲ့ကြသည်။ကျန်းတ​ရွှေက သတိပေး၏။ "ဒါပေမယ့် မင်း သူ့ကို သေချာထိန်းထားဖို့ လိုတယ်၊ ကြက်တွေ ဘဲတွေကို လိုက်ဖမ်းပြီး မ​မောင်းထုတ်စေနဲ့" ဝံပုလွေနက်လေးသည် ငယ်ရွယ်သေး၍ လူတွေကို ထိခိုက်စေမည်ကို မစိုးရိမ်​သေးပေ။

“စိတ်မပူပါနဲ့။” ချင်မျန်က အာမခံပြီး လဲ့ယ်ထျဲကို တစ်ချက်ကြည့်လိုက်ကာ "ချင်းလီ​ဆေးအကြောင်းကိုလည်း မင်းတို့အားလုံး မပြောကြဘူးလို့ မျှော်လင့်ပါတယ်" အချိန်အတော်ကြာ အတူနေထိုင်ပြီးနောက် လဲ့ယ်ထျဲသည် အတိတ်ကို မပြောပြချင်တော့ကြောင်း သူ သိလိုက်ရသည်။ကျန်းတ​ရွှေနဲ့ တခြားနှစ်ယောက်သည်လည်း တယောက်ပြီးတယောက် ကတိပေးကြ၏။

ချင်မျန်သည် ခြံဝင်းကို မညစ်ပတ်စေချင်တာကြောင့် လဲ့ယ်ထျဲနဲ့ ကျန်းတ​ရွှေအား ယင်း​တောဝက်ထီးကို မြစ်ကမ်းမှာတင် ကိစ္စရှင်း​နိုင်မလား မေးလိုက်သည်။
ဝူတိက စ​​ပြောလိုက်၏။ "ဦးလေးလျောင်ကို ခေါ်လိုက်မယ်" 
ဦးလေးလျောင်သည် ဝက်သတ်ခြင်းတွင် ကျွမ်းကျင်သူဖြစ်သည်။ရွာသူရွာသားအချို့က ဝက်သတ်ချင်တိုင်း သူ့ကို မေးကြ၏။
"ကျွန်တော် အိမ်ပြန်ပြီး အသားအတွက် ဇလုံ ပြန်ယူလိုက်မယ်" ချင်မျန်က ပြောသည်။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now