[1]

12.8K 995 12
                                    

[Unicode]

001:တစ်နေ့မှာ တစ်စုံတစ်ယောက်ရဲ့ဇနီးအဖြစ်သို့ ကူးပြောင်းသွားတယ်

လွန်ခဲ့သော ၁၁ လခန့်က.....

ချင်မျန်သည် သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်ရာ ယိုစိမ့်နေတဲ့ သက်ကယ်အိပ်ခန်းထဲတွင် သူ့ကိုယ်က လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ပြဿနာက သူ သူ့မိသားစုရဲ့ ဗီလာထဲမှာပဲ ရှိနေခဲ့တာလေ!

ထို့အပြင် စောင်ထဲရှိ သူ့ခြေထောက်နံဘေးတွင် လဲလျောင်းနေသည့် တခြားလူတစ်ယောက် ရှိနေသေးသည်။

"မင်း...မင်း....မင်းဘယ်သူလဲ?"

ထိုလူသည် ငြိမ်သက်စွာထထိုင်လိုက်ပြီး ချင်မျန်ကို ခဏလောက်ကြည့်ရင်း သူ့ခန္ဓာကိုယ်အပေါ်ပိုင်းက ထင်ရှားလာကာ ကုတင်ခေါင်းရင်းရှိ စားပွဲနိမ့်လေးမှ အက်ကွဲနေတဲ့ ပန်းကန်လုံးတစ်လုံးကို ယူဆောင်လာပေးခဲ့သည်။

ထိုလူက တိုးညှင်းသောလေသံဖြင့် ပြောလိုက်၏။

"မိန်းမ...ရေသောက်လိုက်"

ချင်မျန်၏မျက်လုံးတွေသည် နောက်သို့လန်သွားကာ မေ့လဲသွားတော့သည်။

ချင်မျန်သည် သူ မိန်းမတစ်ယောက်ဖြစ်လာတယ်ဆိုတဲ့ အိပ်မက်တစ်ခုကို မက်ခဲ့သည်။နှဲသံ၊​မောင်းသံ၊ဗုံသံများ ဆူညံစွာ တီးခတ်သံများကြားတွင် သူသည် အမျိုးသားတစ်ဦးနှင့် လက်ထပ်ရန် ဆလွန်း​ဝေါယာဥ်ပေါ်သို့ အတင်းအကြပ် ဖိအား​ပေးထိုင်ခိုင်းခံခဲ့ရသည်။

ချွေးစေးတွေထွက်မတက် ကြောက်ရွံ့ထိတ်လန့်မိလျက် နိုးလာပြီး အဝတ်အစားတွေကို တစ်စစီဆွဲဖြဲလိုက်၏။ပြားကပ်နေတဲ့ ရင်ဘတ်ကို မြင်လိုက်မိ​တော့မှ စိတ်သက်သာရာ ရသွားပြီး သူ့ကိုယ်သူ ရယ်မောမိရင်း "ငါကိုယ်ငါ ခြောက်လန့်မိနေတာပဲ။အိပ်မက်တစ်ခုပဲကို......"
ရုတ်တရက် တစ်စုံတစ်ခု မှားသွားသလို ခံစားလိုက်ရသည်။သူ့အဝတ်အစားတွေက ဘယ်လောက်တောင်ဆွေး​နေလို့လဲ?ဆယ့်တနှစ်ကလေးကဲ့သို့ပင် ညိုတိုတိုအသားရည်နဲ့ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်မျိုးရှိ​​နေရတာလဲ?

ခေါင်းကို အလျင်စလိုမြှောက်လိုက်ပြီး ကြည့်လိုက်တော့ သူ သက်ကယ်အိမ်ထဲမှာ ရှိနေတာကို တွေ့လိုက်ရသည်။ကြောက်လန့်တကြားနဲ့ ကုတင်ပေါ်ကနေ မြေပြင်ပေါ်သို့ ခုန်ဆင်းလိုက်၏။သက်ကယ်အခန်းသည် ခုနစ်ပေမှ ရှစ်စတုရန်းပေခန့်သာရှိကာ နံရံနှစ်ခုကိုရွှံ့ဖြင့်ပြုလုပ်ထားပြီး ကျန်နံရံနှစ်ခုမှာ သစ်သား၊မြက်ပင်နှင့် အထည်ဟောင်းများဖြင့် ကာရံထားသည်။ အခန်းထဲမှာ သစ်သားကုတင်တစ်လုံး၊ကုတင်ခေါင်းရင်းမှာ စားပွဲနိမ့်တစ်ခုနဲ့ သစ်သားသေတ္တာနှစ်လုံးကလွဲလို့ တခြားဘာမှ မရှိပေ။အိုး....နံရံပေါ်မှာ ကပ်ထားတဲ့ အနီရောင်စက္ကူအကွက်တစ်ခုလည်း ရှိသေးတယ်၊ကြီးမားတဲ့ "" စာလုံးကြီးကြီးတွေနဲ့ပဲ! မှန်မရှိသော်လည်း ချင်မျန်သည် သူ့လက်နှင့်ခြေသလုံးကို ကြည့်လိုက်​တော့ ဒီခန္ဓာကိုယ်သည် သူ့ခန္ဓာကိုယ်လုံးဝမဟုတ်ကြောင်း သူသေချာသိလိုက်ရသည်။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now