[5]

5.8K 823 5
                                    

[Unicode]

005:အ​ကြောင်းပြချက်

လဲ့ယ်မိသားစု ညစာစားပြီးနောက် အချိန်သည် လုံးဝမှောင်နေပြီတော့မဟုတ်ပေ။အိမ်အရိပ်နှင့် သစ်ပင်အရိပ်များသည် ကျန်ရှိ​နေ​သေးသည့် အကြွင်းအကျန်နေရောင်ကြောင့် မှိန်ဖျော့သွားခဲ့သည်။လယ်သမားမိသားစုအားလုံးလိုလိုသည် ဤကဲ့သို့ပင်။မီးခွက်ဆီချွေတာဖို့အတွက် ညစာစားချိန်မ​ရောက်မီ ညစာစားဖို့ အမှီချက်ပြုတ်​လေ့ရှိသည်။

ချင်မျန်,ကျိုးရှီနှင့် ချင်းရှီတို့သည် ပန်းကန်များကိုဆေးကြောပြီးနောက်  တုရှီ၏ရန်လိုသောမျက်လုံးများအောက်တွင် မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ကြသည်။

မီးဖိုချောင်ထဲက ထွက်လာတော့ လဲ့ယ်ထျဲက ရေတွင်းထဲက​နေ ရေခပ်ဖို့အတွက် အညိုရောင် သစ်သားဇလုံအား ယူသွားတာကို တွေ့လိုက်ရသည်။ချင်မျန်သည် ထိုလူက ခြေထောက်တွေကိုလည်း သူနှင့်အတူ ဆေးကြောမည်ကို စိုးရိမ်သဖြင့် ရေတွင်းသို့ အပြေးသွားပြီး သစ်သားပုံးထဲမှ ရေအေးတစ်ခွက်ကို လှမ်းခပ်ယူကာ သူ့ခြေထောက်ပေါ်သို့ တိုက်ရိုက်လောင်းချလိုက်သည်။သူ့ခြေထောက်ကို တစ်ခါဆေးပြီးမှ သူ ကင်းကင်းရှင်းရှင်း နေချင်သည့်ပုံ ပေါ်သွားမလား ဆိုပြီး လဲ့ယ်ထျဲကို ထိတ်လန့်စွာ မှုန်ကုပ်ကုပ်နဲ့ ကြည့်နေပေမယ့် အတွင်းစိတ်ထဲမှာတော့ တုန်နေ၏။သူဆွဲတင်လိုက်သော ရေတွင်းမှ ရေသည် ယေဘုယျအားဖြင့် မအေးသော်လည်း သူ့စိတ်ထဲမှာတော့ အေးစက်နေ၏။

လဲ့ယ်ထျဲက ရေခပ်ဖို့ လှမ်းမဆွဲခင်တွင် ခေတ္တရပ်သွား​သော်လည်း  ယခင်ကလိုပင် ထုတ်ဖော်ပြောဆိုခြင်းတော့မပြု။

ချင်မျန်သည် သက်ကယ်အိမ်သို့ ပြန်သွားခဲ့သည်။ခြေညှပ်ဖိနပ်တွေက စိုစွတ်သွားတာ​ကြောင့် အဆင်မပြေတော့​ပေ။ဖိနပ်​တွေကို ချွတ်လိုက်ပြီး ခြေထောက်တွေကို သဘာဝအတိုင်း အခြောက်ခံထားလိုက်သည်။ထိုင်ခုံအသေးမရှိတာကြောင့် ကုတင်အစွန်းတွင်သာ တက်ထိုင်လိုက်သည်။အခန်း၏အတွင်းပိုင်းသည် အလွန်မှောင်နေပြီး အပြင်မှအလင်းရောင်က နံရံပေါ်ရှိ သေးငယ်သောအကွက်အလတ်များမှတဆင့် ဝင်ရောက်လာတာကြောင့် စိတ်​သောက​ရောက်စရာပင်။ချင်မျန်က ကုတင်ခေါင်းရင်းရှိ စားပွဲနိမ့်ပေါ်ရှိ ဆီမီးခွက်ကို မြင်သော်လည်း မည်သို့ထွန်းရမည်ကို မသိသောကြောင့် မကိုင်မိပေ။
ခဏကြာတော့ လဲ့ယ်ထျဲဝင်လာခဲ့သည်။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now