[57]

4.9K 754 7
                                    

[Unicode]

057: မေ​မေ​လေး အိမ်​ထောင်စုထဲ ဝင်လာခဲ့ပြီ

မျက်စိတစ်မှိတ်အတွင်းမှာပင် လဲ့ယ်တာချန်နှင့်ဝေဝေတို့လက်ထပ်တဲ့နေ့ ရောက်လာခဲ့​ချေပြီ။

ချင်မျန်နှင့် လဲ့ယ်ထျဲတို့သည်လည်း ယွီသုန်အား သူတို့ဆိုင်သို့ လာမည်မဟုတ်​ကြောင်း ကြိုတင်အကြောင်းကြားထားခဲ့လိုက်သည်။ထိုညက လဲ့ယ်ထျဲ လူနှစ်ယောက်အား သင်ခန်းစာ အပြတ်အသတ်ပေးလိုက်သောကြောင့် စားသောက်ဆိုင်သို့ ပြဿနာလာရှာတော့မည့်သူ မရှိတော့ပေ။ဆိုင်ကို ရက်အတော်ကြာ မသွားဖြစ်ရင်တောင် စိတ်ပူစရာမရှိချေ။

မနက်စာစားပြီးတာနဲ့ ၀တ်စားဆင်ယင်ပြီး အိမ်ဟောင်းကို အတူတူသွားကြ၏။ယခင်ရက်အနည်းငယ်လောက်ကနှင့် နှိုင်းယှဉ်ပါက အိမ်ဟောင်းတွင် အပြောင်းအလဲအချို့ရှိခဲ့သည်။ခြံဝန်းတံခါး တံစက်မြိတ်အောက်မှာ မီးပုံးအနီနှစ်လုံး တွဲလောင်းကျလျက် ရှိ​နေသည်။အနီရောင် "囍" အက္ခရာအများအပြားကိုလည်း ဝင်းတံခါး၊ ဗဟိုခန်းနှင့် အပြင်နံရံတွင် မတူညီသော အနေအထားများဖြင့် ကပ်ထားကာ ကောင်းမွန်​သောပွဲတော်အလား ပုံဖော်ထားသည်။

ချင်မျန် ရောက်လာ​တော့ အိမ်ထဲသို့ လှမ်းကြည့်လိုက်ပြီး မိန်းကလေးဝေသာ အိမ်ထဲသို့ ဝင်လာပြီးရင် တစ်မိသားစုလုံး ဘယ်လိုနေထိုင်ကြမလဲလို့ တွေးမိသည်။လဲ့ယ်တာချန်က မိန်းကလေးဝေနှင့် အတူ​နေချင်တိုင်း တုရှီကို လဲ့ယ်ချွင်း​ထောင်၏အခန်းသို့ အမြန်ခေါ်သွားခိုင်းမည်လား သို့မဟုတ် သူ့အိပ်ရာကို ကန့်လန့်ကာဖြင့် နှစ်ပိုင်းခွဲလိုက်လေမလား?

ထိုသို့ ရယ်စရာကောင်းသော မြင်ကွင်းကို တွေးရင်း ချင်မျန်သည် တိတ်တဆိတ် ရယ်မောလိုက်သည်။တွေးလေလေ ရယ်ချင်လေလေပဲ။

"ဘာကိုရယ်နေတာလဲ?" လဲ့ယ်ထျဲက ခေါင်းလေးကို ပုတ်လိုက်သည်။

"ဘာမှမဟုတ်ပါဘူး"
ချင်မျန်က ချက်ခြင်းပြောလိုက်သော်ငြား သူ့မျက်နှာမှာ အပြုံးတစ်ခု ရှိနေသေးသည်။

လဲ့ယ်ထျဲ ဆက်မမေးတော့ဘဲ ခြံထဲသို့ ဆွဲခေါ်သွားလိုက်သည်။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now