[87]

3.6K 571 17
                                    

[Unicode]

087:ချင်းယွမ်အကယ်ဒမီ​ကျောင်းတွင် ကြော်ငြာခြင်း။

ဦး​လေးဖုန်း ဝမ်း​မြောက်ဝမ်းသာ ရယ်​မောလျက် ပြောလိုက်သည်။ "ဒါဆို ဒီလူအိုကြီး မ​နေ​တော့ဘူး။အခုလည်း မွန်းတည့်ပြီဆို​တော့ အိမ်ပြန်ရမယ်” ​

ဦး​လေးဖုန်း ထွက်သွားပြီးနောက် ချင်မျန် ပြောလိုက်သည်။ "အားထျဲ....ချယ်ရီသီးတချို့ ရွေးရအောင်၊ ခင်ဗျားအတွက် မြည်းစမ်းကြည့်ဖို့ ချယ်ရီဝိုင်နဲ့ ချယ်ရီယိုလုပ်ပေးမယ်"

"ကိုယ် တောင်းသွားယူလိုက်မယ်။"

လဲ့ယ်ထျဲ တိုက်ရိုက်ပျံသန်းကာ ထွက်ခွာသွားခဲ့သည်။ သူ့နောက်ကျောကိုကြည့်ရသည်မှာ ယုံကြည်မှုအပြည့်နဲ့ ပေါ့ပါး​နေဟန်။ ချင်မျန် မနာလိုဖြစ်ကာ ညည်းညူလိုက်မိသည်။ "အရမ်းကိုမှ မိမိုက်နေသလို ပုံစံဖမ်း​နေတယ်ပေါ့။ ဟုတ်တယ်မလား ပိုင်တျန့်​လေး?"

"အာဝူး” ပိုင်တျန့်​လေးသည် သူ့ကိုကြည့်ရင်း သဘောတူလိုက်သလိုပင်။ ချင်မျန် မတတ်နိုင်စွာ ထိုင်ချလိုက်ပြီး ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ထို့​နောက် လဲ့ယ်ထျဲ ခြင်းတောင်းတစ်ခုနှင့် ပြန်ပေါ်လာသည်။
ချယ်ရီသီးခူးဖို့ရာ လဲ့ယ်ထျဲက တာဝန်ယူထားပြီး ချင်မျန်ကတော့ ခြင်းတောင်းကို ကိုင်ထား၏။ အသီးအနှံတွေကို ပိုးသတ်ဆေးမဖြန်းထားပေ။ ချင်မျန် ချယ်ရီသီးတစ်လုံးကို ကောက်ယူပြီး သူ့အဝတ်အစားဖြင့် သာမာန်ကာလျှံကာ ပွတ်သပ်လိုက်သည်။
စားဖို့ လုပ်​နေချိန်တွင် လဲ့ယ်ထျဲ တားမြစ်လိုက်၏။ လဲ့ယ်ထျဲ သူ့ရင်ခွင်ထဲမှ လက်ကိုင်ပုဝါတစ်ထည်ကို ထုတ်လိုက်ပြီး ချင်မျန်၏လက်ကို သေချာသုတ်ပေးလိုက်သည်။ ထို့နောက် သူချယ်ရီသီးတစ်လုံးကို ထပ်မံကောက်ယူပြီး ချင်မျန်အား ကမ်းပေးလိုက်သည်။

"မင်း ခုနတုန်းက ပိုင်တျန့်​ကို ထိလိုက်သေးတယ်လေ။"

"ဝူး?" ပိုင်တျန့်​လေးသည် ခေါင်းကို မော့ကြည့်လိုက်သည်နှင့် နားရွက်​လေးများမှာ ညွှတ်ကျသွားပြီး မျက်ခွံညွှတ်ညွှတ်​လေးဖြင့် ပြန်ကြည့်လိုက်သည်။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now