[45]

5.1K 758 7
                                    

[Unicode]

045: ချင်မျန်၏တန်ပြန်တိုက်ခိုက်မှု

တုရှီသည် လဲ့ယ်တာချန်၏နံဘေးတွင် ရပ်ကာ အားရ​ကျေနပ်နေသော မျက်လုံးများဖြင့် ခိုးကြောင်ခိုးဝှက် နား​ထောင်နေသော ဖုန်းဟုန်လျိုနှင့် ကျိုး​ဆွေ့ဟွာကို တစ်ချက်ကြည့်လိုက်သည်။သူမသည် လဲ့ယ်တာချန်၏အကျီလက်ကိုဆွဲလိုက်ပြီး သူတော်ကောင်း ယောင်ဆောင်လျက် အကြံပေးခဲ့သေး၏- "အ​ဖေကြီး...တစ်ခုခု ဖြစ်ထားတယ်ဆိုရင်​​တောင် စကားနဲ့ပဲ ပြောလေ"

"သူ့မိန်းမကိုတောင် မထိန်းနိုင်ဘူး၊ငါ ဘယ်လိုပြောရမလဲ?" လဲ့ယ်တာချန်သည် သူ့ခြေရင်းနားဆီသို့ ခုန်ဆင်းကာ လဲ့ယ်ထျဲ၏နှာခေါင်းတည့်တည့်ကို ထိုးညွှန်လိုက်သည်။
"ဒီသားက ဘာကောင်းကျိုးရလို့လဲ?မင်းမိန်းမက ငါ့ကို မရိုမသေစကားတွေ သတ္တိရှိရှိ ပြောရဲတယ်။ သိက္ခာမဲ့လွန်းတယ်။မင်း ငါ့ကိုပြောစမ်း!သူ့ကို ဘယ်လိုအပြစ်​ပေးရမလဲ?"

ဖုန်းဟုန်လျိုနှင့် ကျိုး​ဆွေ့ဟွာတို့သည် ထွက်သွားရန် ရည်ရွယ်ချက်မရှိဘဲ ထိုနေရာတွင်သာ နေကြရင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး လက်များက အဝတ်များကို ပွတ်တိုက်ဟန်ဆောင်နေကြသည်။

ချင်မျန်၏အမူအရာမှာ ပြောင်းသွားသည်။သူ လဲ့ယ်ထျဲဘက်သို့သွားကာ ငြိမ်နေလိုက်သည်။သူ ခဏမျှ တုံ့ဆိုင်းသွားလျက် ထိုလူ၏လက်ကို တိတ်တဆိတ် ဆုပ်ကိုင်လိုက်သည်။

လဲ့ယ်ထျဲ လဲ့ယ်တာချန်ကို အကြာကြီးတုံပြန်ခြင်းမရှိပေ။သူ စိတ်မဝင်စားစွာ ပြောလိုက်သည်။
"ကျွန်တော်တို့ကို သ​ဘောမကျဘူးဆိုတာ ကျွန်​တော်နဲ့ ကျွန်တော့်ဇနီး သိပြီးသားပါ။အိမ်ဆောက်ပြီးကတည်းက ကျွန်တော့်မိန်းမက အ​ဖေအိမ်ကို မရောက်ဖြစ်​သေးဘူး။ကျွန်တော့်မိန်းမ အ​ဖေ့ကို ဘယ်လိုစော်ကားခဲ့တာလဲဆိုတာ မေးပါရ​စေ"

"မင်း!"
လဲ့ယ်တာချန် ဒေါသအရမ်းထွက်လွန်းလို့ နီရဲလာပြီး ရှုံ့မဲ့သွားသည်။ "မိမစစ်ဖမစစ်​ကောင်က ငါ့ကို ပြန်ခံ​ပြောတယ်လေ။နောက်ဆုံးအကြိမ်က မင်းကို တောင်ပေါ်မှာ သောက်ခွေးကောင်လို့ ဆဲတော့ ငါက သူ့ကို ကြိမ်းမောင်းလိုက်တာ။ဒါကို သူက ငါ့ကိစ္စမဟုတ်ဘူးလို့ ပြောသွားတယ်။ဒါ တစ်စုံတစ်ယောက်ရဲ့ဇနီးတစ်​ယောက်က ပြောသင့်တဲ့စကားလား?”

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now