[41+42]

6.2K 776 7
                                    

[Unicode]

041: အိမ်သစ်တက်ပွဲ

ချင်မျန် အိပ်ယာက​နေထပြီးနောက် တံခါးအပြင်ဘက်သို့ အေး​​အေး​ဆေး​ဆေးပင် လျှောက်သွားခဲ့သည်။ကောင်းကင်ကြီးက ပထမဆုံး အလင်းမှိန်မှိန်လေးဖြင့် တောက်ပ​နှင့်နေပြီ။ဆောင်းဦးရာသီတွင် ပုစဉ်းရင်ကွဲသံနှင့် ဖားသီဆိုသံများ မရှိတော့ဘဲ ရွာကို တိတ်ဆိတ်သွားစေခဲ့သည်။
ခြံထဲမှာ ကွန်ဖူးလေ့ကျင့်နေတဲ့ လဲ့ယ်ထျဲရဲ့ခြေသံတွေ ထွက်လာတာ​ကြောင့် သူ ထွက်ကြည့်လိုက်၏။

ဆယ်ကျော်သက်လေးက အ​ပေါ်ပိုင်းတွင်တော့ အသစ်စက်စက် အညိုရောင်ဖျော့ဖျော့သွမ့်တာအင်္ကျီတစ်ထည်နှင့် အညိုဖျော့ဖျော့ခါးပတ် ပတ်ထားကာ အောက်ပိုင်းတွင်တော့ စိမ်းပြာရောင်ဖျော့ဖျော့ဘောင်းဘီနှင့် ခြေထောက်ပေါ်ရှိ သမင်သားရေဖိနပ်ကို ဝတ်ဆင်ထားသည်။ဒီလို ဝတ်စားဆင်ယင်ပုံမှာ မိသားစုတိုင်းရဲ့ကုန်းဇီပုံစံ​လေးပါပဲ။သူ့ရဲ့ရှည်လျားသည့်ဆံပင်ကိုဖြင့် အခြားသူများကဲ့သို့ ထိပ်ဆံထုံးအဖြစ် ထုံးထားခြင်းမဟုတ်ဘဲ စိမ်းပြာရောင်ခေါင်းစည်းဖြင့် ခပ်မြင့်မြင့်ချည်နှောင်ထားသည်။
သူသည်ကား ငယ်ရွယ်နုပျိုသော အားအင်များဖြင့် ပြည့်နှက်နေပြီး တစ်ချိန်တည်းတွင် ကောင်းကင်ကို မျှော်ကြည့်ကာ အ​ကြောအခြင်​တွေ ဆန့်လိုက်ပြီး သူ့မျက်နှာပေါ်တွင် တည်တည်ငြိမ်ငြိမ် အပြုံးတစ်ခုဖြင့် သူသည် ပို၍ပင် လန်းဆန်းတက်ကြွနေပုံပေါ်သည်။

လဲ့ယ်ထျဲကလည်း တူညီတဲ့ဝတ်စုံအသစ်ကို ၀တ်ထားသော်လည်း သွမ့်တာနှင့် ဘောင်းဘီမှာ အညိုရင့်​ရောင် ဖြစ်ပြီး လက်ပြတ်အကျီနဲ့ ခါးပတ်မှာ အညိုဖျော့ရောင် ဖြစ်၏။သူလေ့ကျင့်နေစဉ်အတွင်း အင်္ကျီကို ခန္ဓာကိုယ်ပေါ်တွင် မ၀တ်ထားဘဲ ဝါးတိုင်ပေါ်တွင် ချိတ်ဆွဲထားသည်။

တကယ်တော့ ချင်မျန်က အဝတ်အစား ဒီဇိုင်းပုံတွေကို များများဆွဲဖို့ စိတ်မ၀င်စားတဲ့အတွက်ကြောင့် တူညီတဲ့စတိုင်ကို ဖန်တီးခဲ့ပြီး ရှေးရိုးစွဲစတိုင်အစား ခေတ်မီတဲ့ အစိတ်အပိုင်းတွေကို ထည့်သွင်းခဲ့ခြင်းသာ။

လဲ့ယ်ထျဲ၏မျက်နှာမှာ အမာရွတ်ရှိနေသော်လည်း အချိန်အကြာကြီး ကြာပြီးနောက် လုံးဝမရှိသ​လောက်ပင်။ထို့ကြောင့် ထိုကဲ့သို့ ဝတ်စားဆင်ယင်မှုကြောင့် သူ့ရဲ့ ကျယ်ပြန့်သည့်ပခုံးများနှင့် ခပ်သိမ်သိမ် ကျဉ်းမြောင်းသွားသည့် တင်ပါးစုံများကို ကောင်းစွာဖော်ပြလို့ထားသည်။ထို့အပြင် သူ့တစ်ကိုယ်လုံးသည် အရပ်ရှည်ရှည် တောင့်​တောင့်ဖြောင့်ဖြောင့်ဖြစ်ကာ ခံ့ညားပြီး သူရဲကောင်းဆန်သည့် ကိုယ်ဟန်အနေအထားဖြင့် ရှိနေ၏။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Tahanan ng mga kuwento. Tumuklas ngayon