[62]

5K 697 30
                                    

[Unicode]

062: လဲ့ယ်ထျဲဆီမှ လက်ဆောင်

လဲ့ယ်ထျဲ သူ့ကို အမြန်တားလိုက်ရ၏။ “အရက်ကို အရင်မသောက်နဲ့။စားစရာရှိတာ အရင်စား”

ချင်မျန်သည် သူ့ပါးစပ်ကို စိုစွတ်စေဖို့(အာစွတ်) အတွက် ဟင်းနုနွယ်ရွက်ကို ကိုက်ဝါးပြီးနောက် အနည်းငယ် သက်တောင့်သက်သာရှိသွားသည်။ဆန်မှုန့်(မုန့်ညှက်)နှင့်ပေါင်းထားသည့်ဝက်သားပေါင်းကို စားပြီးနောက် ဝိုင်ခွက်ကို ထပ်ယူကာ လဲ့ယ်ထျဲနှင့် ခွက်ချင်းတိုက်လျက် ပြောလိုက်သည်။ “သောက်”

ဒီတစ်ခါမှာတော့ ခပ်ဖြည်းဖြည်းသာသောက်ပြီး အရသာကို နည်းနည်း မြည်းစမ်းကြည့်လိုက်၏။သူ့မျက်နှာမှာတော့ အပူရှိန်တွေ တဖြေးဖြေးတက်လာပြီး ဟင်းတွေကို စားဖို့ ကမန်းကတန်းထပ်မံယူလိုက်ရပြန်သည်။

လဲ့ယ်ထျဲက​တော့ တစ်ကျိုက်တည်းသောက်ချလိုက်ပြီး သူ့ကို အ​နှောင့်အယှက် မ​ပေး​ပေ။
နေဝင်ရီတရော အချိန်ရောက်လာသည်နှင့် အခန်းက ပိုမိုမှောင်လာကာ လဲ့ယ်ထျဲသည် အခန်းအလယ်ထောင့်တိုင်းရှိ ဆီမီးခွက်များကို ထွန်းညှိလိုက်ကာ အခန်းကို မီးလင်း​စေလိုက်သည်။

ချင်မျန်သည် သူ့ရဲ့အဖျားတက်နေသလိုဖြစ်​နေသည့်မျက်နှာကို ထိကြည့်လိုက်ကာ အနည်းငယ် မကျေမနပ်ဖြစ်နေ၏။

ယောက်ျားတစ်​ယောက်ဆိုရင် အရက်(အရက်သောက်နည်း)ကို သိထားဖို့ လိုတယ်။တစ်ခွက်တည်းနဲ့များ မျက်နှာကို ဘယ်လိုများနီရဲသွားစေရတာလဲ?ငယ်ရွယ်စဥ်ကတည်းက အရက်ကို ခံနိုင်ရည်ရှိအောင် လေ့ကျင့်ထားသင့်တယ်။

ဤသည်ကိုတွေးပြီး လည်ပင်းကိုမော့ကာ ခွက်ထဲမှာကျန်နေတဲ့ဝိုင်ကို အကုန်သောက်ချလိုက်၏။
လဲ့ယ်ထျဲက မျက်မှောင်ကြုတ်ကာ သူ့ပန်းကန်ထဲကို ဟင်းတွေထည့်ပေးလိုက်သည်။

“ဝိုင်က ဘာမှမကောင်းဘူး။ဘာလို့များ လူ​တွေက ကြိုက်​ကြရတာလဲ?" ချင်မျန် ပြောရင်း နောက်တစ်ခွက်ထပ်လောင်းထည့်လိုက်သည်။လဲယ်ထျဲ သူ့ခွက်ကို ဆွဲယူသွားကာ။ "မသောက်ခင် များများစား။"

“အွန်း.....” ချင်မျန်၏ခေါင်းမှာ အနည်းငယ်မူးဝေနေပြီး သူ့တုံ့ပြန်မှုမှာလည်း အနည်းငယ်နှေးကွေးနေသည်။သူ ဟင်းအနည်းငယ်ကို နာခံစွာယူကာ သွပ်သွင်းလိုက်၏။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now