[63+64]

5.5K 712 25
                                    

[Unicode]

063+64: ဆွေမျိုးအိမ်က ဟင်းတွေက အရသာမရှိဘူးပဲ (1+2)

"ပိုးစာသစ်..." ချင်မျန် အံ့သြသွားပြီး လေးကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏။ "ဒါဆို ဒါက ပိုးစာသစ်​ပေါ့။ကျွန်​တော် သိသ​လောက်ဆိုရင် ပိုးစာသစ်ဆိုတာက အဝါ​ရောင်ပုလဲနဲ့​တောင်တန်းတူ တန်ဖိုးရှိတယ်မလား?"

၎င်းကို ရေထဲတွင် နစ်မြုပ်ထား​သော်လည်း​ကောင်း သို့မဟုတ် တစ်ပိုင်းနစ်မြုပ်ထားသော်လည်း​​ကောင်း ၎င်း၏အသားသည် ကျစ်လစ်ပြီး ကွဲထွက်မှုနည်း၏။ပိုးစာသစ်၏ပင်မကိုယ်ထည်သည် လက်တစ်ချောင်း၏အထူသာရှိပြီး အတွင်းတွင် အဝါရောင်ရွှေချည်မျှင်များစွာရှိသည်။ဤရွှေချည်မျှင်ပါသည့်အပင်သည် နှစ်စဉ်ပေါ်လာသည်မဟုတ် သုံးနှစ်မှ ငါးနှစ်အတွင်းတွင်သာ တစ်ပင်ပေါက်သည်။ဒီလိုသစ်မျိုးရှာရတာ မလွယ်ပေ။

လဲ့ယ်ထျဲက "မင်း ကြိုက်ရင်ရပြီ"
ချင်မျန်က ပြောလိုက်၏။ "အရမ်းကြိုက်တာ​ပေါ့"

သူ လေးနှင့်မြှားတွေကို အိပ်ခန်းထဲသို့ယူသွားကာ လဲ့ယ်ထျဲ၏လေးဘေးတွင် တမြတ်တနိုးမြတ်နိုးစွာ ချိတ်ဆွဲထားလိုက်သည်။သူ ပြန်ထွက်လာတော့ လဲ့ယ်ထျဲက စားပွဲပေါ်မှာ ဟင်းပွဲတွေချ​နေပြီ ဖြစ်သည်။
"မနက်ဖြန် တောင်ပေါ်ကိုတက်ကြမလား?" ချင်မျန်က စိတ်လှုပ်ရှားစွာမေးသည်။

လဲ့ယ်ထျဲက "ပစ်မှတ်သေကို အရင်လေ့ကျင့်။ပြီးမှ ရွေ့လျားပစ်မှတ်ကို လေ့ကျင့်ရမယ်။"

"စိတ်ရှုပ်စရာပဲ" ချင်မျန် စိတ်ပျက်သွားသည်။
လဲ့ယ်ထျဲက “လမ်းလျှောက်ဖို့ အရင် မသင်ယူဘဲ ဘယ်လို ပြေးမလဲ?”

ဒီစကားက တော်တော်လေး ကျိုးကြောင်းဆီလျော်၏။ချင်မျန် ဘာမှထပ်​မ​ပြော​နိုင်တော့​ပေ။သူ လက်ခံလိုက်ရပြီး ပိုင်တျန့်​လေးအတွက် အသားလှီးရန် ထလာလိုက်သည်...

နောက်တစ်နေ့တွင် လဲ့ယ်ထျဲသည် ခြံအလယ်တွင် တိုင်နှစ်​တိုင်​ထောင်​ပေးပြီး ကောက်ရိုးဦးထုပ်ဟောင်းကို အလယ်တွင် ပစ်မှတ်အဖြစ်ချိတ်ဆွဲထားကာ ချင်မျန်အား ချိန်ရွယ်ပြီး ပစ်ရန်ညွှန်ကြားပေး​​နေသည်။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now