[22]

5.9K 858 10
                                    

[Unicode]

022:ဆန်စပါး ၆၀၀ ကျင်း

လဲ့ယ်ထျဲဘေးတွင် ကောက်ရိုးဖြင့် ချည်ထားသော ကောက်ပင် အစည်းလိုက်ကြီးရှိနေသည်။ကြိုးကို ပြန်​ဖြေပြီး စပါးတွေကို မြေကြီးပေါ်ဖြန့်ချလိုက်သည်။သူ့ပါးပြင်ပေါ်မှ ချွေးတွေက တလိမ့်လိမ့်ကျဆင်းလာပြီး စပါးခင်းပေါ်သို့ စီးကျကာ ပျောက်ကွယ်သွား၏။

ကြံ့ခိုင်သန်မာသည့်လက်​မောင်းကြီးမှာ ပူပြင်းစွာ တောက်လောင်နေသော နေရောင်အောက်တွင် တောက်ပနေ၏။

မနီးမဝေးတွင် ရပ်နေကြသည့် အမျိုးသမီးအချို့သည် ယောက်ျားများထံ နေ့လည်စာပို့ရန်အလို့ဌာ ခြင်းတောင်းများကို ကိုင်ဆောင်လျက် မတ်တပ်ရပ်ရင်း စကားစမြည်ပြောနေကြသည်။

လယ်သမား လေးငါးယောက်လောက်က ဝိုင်းဖွဲ့ စား​သောက်​နေကြပြီး စကားကိုကျယ်ကျယ်လောင်လောင် ပြောဆိုနေကြသည်။

"လောင်လျို...မင်းမိသားစုက ဒီမနက် ရွာတောင်ဘက်လယ်မှာ ကောက်ရိတ်​နေကြတာ ဟုတ်တယ်မလား?အဲဒီအကွက်က 7 ဖန်ထက်တောင်နည်းသေးတယ်။မနက်မိုးလင်းတော့ စပါးကျီ​မြေဆီကို လှည်းခုနစ်စီး၊ ရှစ်စီးဆွဲလာတာ ငါ တွေ့လိုက်ရ​ရော။​​ကောင်းလိုက်တဲ့ စပါးအထွက်နှုန်းပဲ..ဟမ့်!ငါတို့က ရွာသူရွာသားတွေပဲဆိုတော့ မင်းမှာ စိုက်ပျိုးရေးအတွက် လျှို့ဝှက်နည်းတွေရှိပြီး ဖုံးထားတာဖြစ်ရမယ်” စကားပြောနေသူ၏မျက်နှာမှာ မနာလိုနေသည့်ပုံပေါ်နေသည်။

တဖက်လူက သူပြောတာကိုကြားလိုက်ရ​တော့ စိတ်ဆိုးသွား၏။ထိုလူက လှောင်ပြောင်ပြန်လည်ပြောဆိုလိုက်ကာ – “တတိယအစ်ကိုက ဘာမှ လုပ်စရာမရှိတဲ့ အချိန်တိုင်း တစ်ခြားသူ​တွေရဲ့ လယ်​ကွင်း​​တွေကို ပတ်ကြည့်​နေတတ်တဲ့အ​ကြောင်းကို ရွာက ဘယ်သူမဆို သိကြတာပဲ။ကျွန်​တော့မှာသာ လျှို့ဝှက်စိုက်ပျိုးနည်းသာရှိရင် အစ်ကိုဆီက​နေ ဖုံးထားနိုင်ပါ့မလား?"

အခြားသူတွေက ထိုစကားများကြောင့်ဟက်ဟက်ပက်ပက် ရယ်မောကာ သူတို့ အချင်းချင်းခွပ်​နေကြသည်ကို ကြည့်ပြီး ကြည်နူးနေကြသည်။
မနာလိုသမားသည် အားရပါးရ ရယ်မောကာ “မင်းပြောတာကို ကြည့်ပါဦး။ဘာမှလုပ်စရာမရှိသူတွေကိုတောင် သွားဖို့လာဖို့ကို တားမြစ်​နေတာလား?”

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now