[14]

5.5K 815 8
                                    

[Unicode]

014:လုံးချင်းအိမ်တစ်အိမ် ဌားခြင်း

ချင်မျန်က စိုးရိမ်မိသွား၏။ "ဒီနေ့!ကျွန်တော်တို့ သက်ကယ်အိမ်ဆောက်ဖို့ မှီပါ့မလား?"

လဲ့ယ်ထျဲက “ဆောင်းဦးရိတ်သိမ်းပွဲက နီးလာပြီ၊အရင်ငှားနေကြတာ​ပေါ့”

ချင်မျန်က ခေါင်းညိတ်လိုက်ပြီး "ဆောင်းဦးရိတ်သိမ်းပွဲကို မေ့သွားတယ်"

သူတို့နှစ်ယောက်သာရှိသော်လည်း အနည်းဆုံး အိပ်ခန်းနှစ်ခန်း ဆောက်ရမည်ဖြစ်ပြီး အကုန်ပြီးဖို့ဆိုလျှင် တစ်ရက်နှစ်ရက်အတွင်း မပြီးနိုင်။အိမ်ဆောက်ရန် လိုအပ်သည့် သစ်သားနှင့် မြက်ခင်းများ အားလုံးကို ပြင်ဆင်ရမည်။လူနှစ်ယောက် ကိုင်တွယ်နိုင်သည်ထက် အလုပ်ပိုများ၏။သူတို့ အခြားသူများကို ကူညီရန် ဖိတ်ခေါ်ရမည်။ကျွေးမွေးပြုစုရန်သာမက အခြားလိုအပ်သည့် ပါဝင်ပစ္စည်းအားလုံးကို ပြင်ဆင်ရပေမည်။အားလုံး အချိန်ယူရမှာပဲ။

ဆောင်းဦးရိတ်သိမ်းပွဲနီးလာလျှင် ထိုအချိန်တွင် လူတိုင်းသည် အလျင်စလို ရိတ်သိမ်းကြပြီး အလျင်စလို ပြန်လည် စိုက်ပျိုးခြင်းဖြင့် အလုပ်ရှုပ်နေကြပြီး သူတို့အား ကူညီရန် လုပ်သားအင်အား မဝေမျှနိုင်တော့ပေ။ဒါကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေကို ယာယီရွှေ့ဆိုင်းထားရ၏။

"ကျွန်တော်တို့ အိမ်ငှားလို့ရပါ့မလား?" ချင်မျန်က စိတ်ပူမိသွားသည်။လဲ့ယ်ထျဲက စကားပြောရတာ မကြိုက်တဲ့အပြင် ရွာက​နေလည်း အချိန်အကြာကြီး ထွက်ခွာခဲ့​သော​ကြောင့် ရွာကလူ​တွေနဲ့ဆက်ဆံရေးမှာ သာမန်မျှသာဖြစ်သည်။

လဲ့ယ်ထျဲက ခေါင်းညိတ်ပြီး သူ့နောက်က​နေ လိုက်ခဲ့ရန် ခေါ်လိုက်သည်။

နေ့ခင်းဘက်ဆိုရင် ရွာက သက်ဝင်လှုပ်ရှားလာသလိုမျိုး အရမ်းတက်ကြွနေ၏။ခြံထဲကကြက်တွေက ဥတွေဥပြီး တစ်အွတ်အွတ်ဖြင့် ပိုင်ရှင်တွေဆီကနေ အစားတောင်းနေကြ၏;ဆူဖြိုးသော ဘဲအုပ်သည်လည်း ကျက်စားရန် ရေကန်သို့ ယိမ်းနွဲ့စွာထွက်ခွာသွားလျက်ဖြင့်;ရံဖန်ရံခါတွင် ဆိုးသွမ်းသည့် က​လေးငယ်များအား ဆူပူကြိမ်း​မောင်း​နေသည့် လူကြီးများ၏ကျယ်လောင်သော ဆူပူသံများက ထွက်​ပေါ်ပြီး က​လေးငယ်များကို အိပ်​နေရာက​နေ နိုး​စေကာ ငိုသံများ ထွက်​ပေါ်လျက် ရှိ​နေသည်။ဟိုးအဝေးက နွားကျောင်းသမားသည်လည်း နွားသိုးတွေကို မြန်မြန်ရွေ့ဖို့ အော်ဟစ်​နေကြသည်။သစ်ပင်တွေထိပ်မှာ ငှက်ကလေးတွေကလည်း အချင်းချင်း ဘယ်လိုဆက်ဆံပြောဆိုကြသည်မသိ စိတ်ပါလက်ပါ တေးဆိုနေကြ၏။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now