[33]

5.7K 795 5
                                    

[Unicode]

033: လဲ့ယ်ထျဲက ကိုယ်ခံပညာကို တတ်တယ်!

လဲ့ယ်ထျဲက လုပ်ရည်ကိုင်ရည်ရှိသည့် လူတစ်ယောက်ပင်။​မြေကြီးကို ပွ​ရောင်း​အောင် ထွန်ယက်လို့ပြီးလေပြီ။ပထမဦးစွာ မြေဆီလွှာတွင် ရေပါဝင်မှုသေချာစေရန် ရေကို အသုံးပြုဖို့ကလည်း လိုအပ်သေးသည်။ချင်မျန်မှာ သေးငယ်တဲ့ခန္ဓာကိုယ်ရှိပြီး တစ်ခေါက်လျှင် ပခုံးပေါ်သို့ ထမ်းပိုးတစ်ခုနှုန်းဖြင့်သာ ရေကို သယ်ဆောင်နိုင်သည်။ပုံးနှစ်ပုံးတွင် တစ်ဝက်သာဖြည့်ထားသော်လည်း သူ့ပခုံးတွေက​တော့ ဖိအားအောက်တွင် အလွန်နာကျင်နေရသဖြင့် သွားတွေကို အံကြိတ်သွားစေသည်။

လဲ့ယ်ထျဲ မျက်မှောင်ကြုတ်ပြီး သူ့ပခုံး​ပေါ်က ထမ်းပိုးကို ဖယ်လိုက်ကာ “အိမ်ပြန်...”

"ဒါပေမယ့်..." ချင်မျန်က သူ့ပခုံးကို ပွတ်သပ်ပြီး လယ်ကွင်းပြင်ကို ရှက်ရွံ့စွာ ကြည့်နေသည်။လက်ရှိသူ့အ​ခြေအ​နေက ပြင်းထန်တဲ့ အလုပ်အတွက် သင့်​လျော်တာမျိုးမဟုတ်ပေမယ့်လည်း သူလည်း ယောက်ျားတစ်​ယောက်ပင်။ချက်ပြီးသားထမင်းကို အဆင်သင့်ထိုင်စားဖို့ မဖြစ်နိုင်ဘူး။
မိသားစုအတွက် တစ်ခုခုလုပ်ရမယ်။လယ်ယာ​မြေဘက်မှာ မကျွမ်းကျင်တဲ့အတွက် တတ်နိုင်သမျှ သူကျွမ်းကျင်တဲ့ တခြားအလုပ်ကို လုပ်ရမှာ​ပေါ့။

"ဒါဆို ကျွန်တော် အရင်ပြန်လိုက်မယ်။ဒီအလုပ်တွေအကုန်လုံးကို ခင်ဗျား တစ်​ယောက်တည်းလုပ်မှာလား?လုပ်နိုင်ရဲ့လား?"

သူအနည်းငယ်သံသယဖြစ်မိသည်။လဲ့ယ်ထျဲ၏ အသွင်အပြင်ကို ကြည့်ရင်း သူထွက်ခွာသွားခဲ့သည့် ဆယ်နှစ်တာကာလကြောင့် လယ်လုပ်ရန် မဖြစ်နိုင်ပေ။

လဲ့ယ်ထျဲ ပြောလိုက်၏။ “ကိုယ် လယ်သမားအိုကြီးတစ်​ယောက်နဲ့ အတူနေဖူးတယ်”

လဲ့ယ်ထျဲ၏မျက်လုံးထဲတွင် ဝမ်းနည်းမှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်ကို ချင်မျန် သတိပြုမိလိုက်တာ​ကြောင့် သူ့ပါးစပ်မှာ ပွင့်သွားရသည်(အံ့သြ)။
လဲ့ယ်ထျဲက လယ်သမားမိသားစုတွင် မွေးဖွားလာသော်လည်း သူ့ရဲ့လယ်ယာလုပ်ငန်းကျွမ်းကျင်မှုက​တော့ ပြင်ပလူဆီမှ တတ်​မြောက်လာခဲ့ရတာ​တော့ ဝမ်းနည်းဖွယ်ပင်။သူ့ရဲ့လွန်ခဲ့တဲ့ ဆယ်နှစ်တာကာလက ကြည်နူးစရာအတွေ့အကြုံမဟုတ်ခဲ့တာတော့ သေချာ၏။ချင်မျန် သိချင်နေပေမယ့် အခုမေးရမယ့်အချိန်မဟုတ်သေးဘူး။သူမြင်လိုက်ရတဲ့ ဝမ်းနည်းမှုက သူ့ကို ဂရုတစိုက်ဖြစ်စေခဲ့၏။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now