[46]

5.4K 753 8
                                    

[Unicode]

046: လဲ့ယ်ရှန်းကျစ်

ချင်မျန် ပြုံးကာ မေးလိုက်သည်။
"အ​ခြေအ​နေ ဘယ်လိုလဲ?"

ဖုန်းဟုန်လျိုက အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။ “ပြီးပြီ။ရွာကို ပြန်ရောက်တာနဲ့ မင်း အစ်မတို့ကို သင်ပေးထားတဲ့အတိုင်း တခြားသူတွေကို ဖြန့်လိုက်တယ်။အခု တရွာလုံး ပျံ့သွားပြီ။”

အဲဒီနောက် ကျိုး​ဆွေ့ဟွာက ပြောလိုက်သည်။
“ဒီနေ့ကိစ္စမှာ လူအိုကြီးစုံတွဲက အကြင်နာမဲ့တဲ့အပြင် မင်းနဲ့ အိမ်ခွဲနေပြီးတာ​တောင် မင်းကို အပြစ်ရှာဖို့ လာတယ်ဆိုတာ လူတိုင်းသိသွားပြီ။ဒီအချိန်ထိ တစ်ရွာလုံးက ဒါပဲ ပြောနေကြတာ။လူတိုင်းက မင်းဘက်မှာ ရှိတာများပါတယ်။”

"အဲဒါကောင်းတယ်။" ချင်မျန် သူပြင်ဆင်ထားသည့် ဝမ်၈၀ကို ထုတ်ယူလိုက်သည်။ "အစ်မတို့က ကျွန်တော်တို့ သူတို့ကို ဘာမှ မလုပ်ခဲ့တာကိုလည်း ဒီနေ့ မြင်တာပဲလေ။တခြားရွေးချယ်စရာမရှိလို့သာ ဒီနည်းလမ်းလေးကိုသုံးရတာ။ကျန်တော်တို့ အနာဂတ်မှာ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်နိုင်ဖို့သာ လုပ်ကြတာ​ပေါ့။ဒါကြောင့် ဒီနေ့အ​ကြောင်းတွေကို စတုတ္ထလူတစ်​ယောက် မသိစေချင်ဘူး။အစ်မတို့ နားလည်တယ်မလား?"

ဆယ်ကျော်သက်လေး၏အမြဲတမ်းလိုလို ကြင်နာတတ်သည့် မျက်လုံးများသည် ရုတ်တရက် စူးရှလာပြီး ဆွဲဆောင်မှုရှိသည့် ရောင်ဝါကို ပြသလျက်ရှိ​နေ၏။ကျိုး​ဆွေ့ဟွာနဲ့ဖုန်းဟုန်လျိုတို့ နှစ်ယောက်စလုံး ထိတ်လန့်သွားကြသည်။

ဖုန်းဟုန်လျိုက သူ့သ​ဘောထားကို အလျင်စလိုပြောခဲ့၏- "မောင်လေး..တခြားလူ မသိစေရဘူးဆိုတာ စိတ်ချထားနိုင်တယ်"

ကျိုး​ဆွေ့ဟွာကလည်း အဆက်မပြတ် ခေါင်းညိတ်သည်။

ချင်မျန် ခပ်ပါးပါးလေး ပြုံးပြပြီး ကြေးဒင်္ဂါးပြားနှစ်တွဲကို ပေးလိုက်သည်။ "ကျေးဇူးအများကြီးတင်ပါတယ်။"

"ရပါတယ်။"

ပိုက်ဆံတွေလက်ထဲရောက်တာနဲ့ အမျိုးသမီးနှစ်ယောက်လုံးမှာ ပြုံးပြီး မတ်တပ်ထရပ်လိုက်ကြသည်။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now