[48]

4.8K 755 19
                                    

[Unicode]

048 - အိမ်ဟောင်းကလူတွေ ပြသာနာ​ရှာဖို့ ရောက်လာကြပြီ

“နှစ်၊ လေး၊ ခြောက်.......”

ကျန်းလျို ပေါက်စီတွေသွားဝယ်ရာမှ ပြန်ရောက်သောအခါ ချင်မျန် သူ့ကို ၅ ဝမ် ဆုချပြီး အရင်ပြန်လွှတ်လိုက်သည်။လက်တစ်ဖက်က ပေါက်စီကိုကိုင်လျက် ကိုက်စားနေရင်း နောက်သူ့လက်တစ်ဖက်က ကြေးဒင်္ဂါးပြားတွေကို ကျွမ်းကျင်စွာ ရေတွက်​နေ၏။

“၈၆၊ ၈၈၊ ၉၀.....”

အချိန်အတော်ကြာမှ ခေါင်းကိုပြန်​မော့လာပြီး အသက်ရှူသွင်းလိုက်ကာ "ကျွန်တော် ရေတွက်လို့ ပြီးပြီ၊ စုစုပေါင်း ငွေတုံး ၂ တုံးနဲ့  ၃၁၉ ဝမ်။"

လဲ့ယ်ထျဲသည်လည်း နောက်ဆုံးကြေးနီဒင်္ဂါးပြားကို ရေတွက်လို့ ပြီးသွား၏။ "၂ တုံး နဲ့ ၄၅၃"

ချင်မျန်၏မျက်လုံးများက တောက်ပလာပြီး "ဟားဟား! အရမ်းများတာပဲ။လစဉ် ဌားရမ်းခကိုပြန်ရယူဖို့ တစ်ရက်ပဲ ​​အချိန်ယူရတယ်။"

သူ့လက်မှာ တစ်ဖက်လူရဲ့ခန္ဓာကိုယ်ပေါ် တင်ထားဆဲဖြစ်သည်။
လဲ့ယ်ထျဲ သူ့ (QM) လက်ကို တစ်ချက်ကြည့်လိုက်ပြီး “မနက်ဖြန် နောက်ထပ် စားပွဲထိုးတစ်​ယောက်ထပ်ငှားလိုက်။မင်း ပိုက်ဆံပဲ ထိုင်သိမ်း​နေ"

ချင်မျန် သဘောမတူခင် စက္ကန့်အနည်းငယ်လောက် တုံ့ဆိုင်းနေခဲ့ပြီး "ရတယ်...ဒါက ဝမ် 500 လေးပါပဲ"

ပိုက်ဆံအားလုံးကို ပိုက်ဆံအိတ်ထဲထည့် တံခါးကိုသော့ခတ်ပြီး လှည်းလေးဖြင့် ညနေစောင်းလေး အိမ်သို့ ပြန်လာခဲ့ကြသည်။ညလေညင်းက နေ့ဘက်ထက် ပိုအေး၏။အထူးသဖြင့် တောင်တွေကို ဖြတ်သွားတဲ့အခါတိုင်း လေက ပိုပြင်းလာကာ အအေးဓာတ်က လည်ပင်းတည့်တည့်ဆီသို့ တိုးဝင်သွားလာသည်။
ချင်မျန် လဲ့ယ်ထျဲ၏နံဘေးတွင် ထိုင်နေပြီး ထိုလူ၏ခန္ဓာကိုယ်နား ပိုတိုးကပ်လို့ထားသည်။သူကိုယ်တိုင်လည်း လှည်းခန်းထဲကို ဘာကြောင့် မဝင်ရလဲဆိုတာကို နားမလည်ဘူး။

လဲ့ယ်ထျဲ သူ့ရဲ့ဘယ်လက်ဖြင့်ကြိမ်တံကို မြှောက်လိုက်ရင်း ကျန်ညာဘက်လက်က သူ့​ဘေးနားလူကို လှမ်း​ပွေ့ထားလိုက်သည်။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now