[Unicode]
030:ပထမအကြိမ် ထိပ်တိုက်ရန်စောင်မှု
"ခဏနေ ကိုယ် လိုက်ပို့ပေးမယ်" လဲ့ယ်ထျဲက အာရုံစူးစိုက်မှုအပြည့်နဲ့ စားသောက်နေ၏။
“မလိုဘူး၊ကျွန်တော့် ဘာသာသွားနိုင်တယ်”
"လိုက်ပို့ပေးမယ်။" လဲ့ယ်ထျဲက အလျှော့မပေးပေ။
ချင်မျန်က ရွာကနေ မြို့နဲ့တော်တော်ဝေးတဲ့အပြင် အလုပ်များတဲ့ကာလမို့ လမ်းမှာဘယ်သူမှရှိမှာမဟုတ်ကြောင်း တွေးမိသည်။တောရိုင်းတိရိစ္ဆာန်များသာမက လမ်းလယ်တွင် လုယက်ခြင်းခံရနိုင်ပြီး အမှန်တကယ်ပင် အန္တရာယ်မကင်းလှချေ။"အဲဒါဆိုလည်း လိုက်ပို့လိုက်တော့ပေါ့။စကားမစပ် ကျွန်တော်တို့ရဲ့ဟင်းရွက်စိုက်ခင်းတွေက ဘယ်မှာလဲ?ဆောင်းဝင်လာတော့မယ်။အခုချိန်မှ ဟင်းသီးဟင်းရွက်တွေ မစိုက်ရင် ဆောင်းရာသီမှာ စားဖို့ အသီးအရွက်တွေ ရှိမှာမဟုတ်ဘူး။”
လဲ့ယ်ထျဲ ဒီ့မတိုင်ခင်က စဥ်းစားထားပြီးသားပင်။ “လယ်တစ်မူကို တစ်ဝက်ခွဲထားတယ်”
ချင်မျန် ပြောလိုက်၏။ “ကျွန်တော်တို့မှာရှိနေတဲ့ လယ်ကွက်တွေက အရမ်းနည်းတယ်။လယ်တစ်ခြမ်းမှာ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးလိုက်တာ အဆင်ပြေပါတယ်။ကျွန်တော်တို့မှာ ငွေအလုံအလောက်ရှိရင် လယ်တွေ ထပ်ဝယ်လို့ရပြီ။”
“အင်း” သူ့ဇနီးလေးက အမှန်တကယ်ပင် အကြံ
ဥာဏ်ကောင်းကောင်းရှိတဲ့သူပင်။လဲ့ယ်ထျဲက ကန့်ကွက်ခြင်းမရှိ။တစ်စုံတစ်ရာကို တွေးကြည့်ပြီးနောက် ပြောလိုက်သည်။
“မနက်အစောကြီး ဘယ်သူမှ အချိုမစားဘူး”'မနက်ခင်းကြီး ဘယ်သူက ချိုချဉ်ဝယ်ပေးကြမှာလဲ?'ဆိုသည်ကို ချင်မျန် ရုတ်တရက် သတိထားမိလိုက်သည်။ဒါ တကယ်ကို သူလျစ်လျူရှုထားမိလိုက်တဲ့ ကိစ္စပဲ!
လဲ့ယ်ထျဲ ထမင်းစားပြီးသောအခါ ချင်မျန်သည် ပန်းကန်လုံးကိုယူကာ အိမ်ပြန်ခဲ့သည်။စပါးကျီမြေကို ဖြတ်သွားသောအခါ ရှောင်ဟူနှင့် မနေ့က ကလေးလေးသည် စိတ်မရှည်စွာ သူ့ကို ကြည့်နေကြသည်။ရုတ်တရက် အပြုံးလေးဖြင့် သူတို့ကို လက်ယက်လှမ်းခေါ်လိုက်သည်။
နတ်ဆိုးလေးနှစ်ကောင်က စိတ်လှုပ်ရှားစွာ ပြေးလာကြတော့သည်။

ANDA SEDANG MEMBACA
မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||
RomantikaThis is just a fan translation.I don't own this novel.All Credit to Original Author & Eng Translator \^•^/ Title - Transmigration of Mian reluctantly Becomes his man wife Original Author - LianXiNingMou Eng Translator - foxaholic Total - 222 chapt...