[102]

3.6K 365 18
                                    

[Unicode]

102 – ကြာဇံလုပ်ကြမယ်


လဲ့ယ်ချင်ကျုံး တံခါးကိုဖွင့်ပြီးနောက် လေးလေးနက်နက် ဦးညွှတ်ကာ မေးလိုက်သည်။ "သခင်လေး....ပြန်လာပါပြီလား?"

"အင်း...”

ချင်မျန် ဂိတ်တံခါးဝသို့ ဝင်ခါနီးမှာပဲ ရပ်တန့်ခံလိုက်ရလေသည်။

"ကျေးဇူးပြုပြီး ခဏလေးပါ။"

မန်နေဂျာဝေသည် အနှီလူငယ်လေးကို စိတ်ထဲ၌
လျှို့ဝှက် မှန်းဆ​နေချိန် လဲ့ယ်ချင်ကျုံးက သူ့ကို သခင်​လေးလို့ ခေါ်လိုက်တော့ သူ ချက်ချင်းပဲ သ​​ဘော​ပေါက်သွားသည်။ချက်ချင်းပင် လက်အုပ်၍ ရယ်မောကာ ရို​သေသမှုပြုလိုက်သည်။လူတွေကို သက်တောင့်သက်သာဖြစ်သွား​စေမည့် ပြီးပြည့်စုံတဲ့ ရယ်မောခြင်းသည်လည်း စီးပွားရေးသမားတွေအတွက် တတ်ကျွမ်းနေရမည့် ကျွမ်းကျင်မှုတစ်မျိုးပင်။

"သခင်လေးက ရှန်းရှန်းခန်းမ​ဆောင်နဲ့ စား​​သောက်ဆိုင်ပိုင်ရှင်နှစ်​ယောက်ထဲက သူ​ဌေးချင်ဖြစ်ရမယ်။"

ချင်မျန် ရပ်တန့်ကာ ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်တော်က ကျိုးယန်ခရိုင်မှာရှိတဲ့ ထိုက်​ပေါင်ခန်းမ​ဆောင်ရဲ့ ဒုတိယမန်နေဂျာ ဝေ့ဖု​ကွေးပါ။နား နားကပ်ပြီး မိုးကြိုးပစ်ချလိုက်သလိုမျိုး သူ​ဌေးချင်အကြောင်းတွေကို တော်တော်များများ ကြားဖူးပါတယ်။” ဖု​ကွေးသည်  ဤခရီးစဉ်အတွင်း သူ့ရည်မှန်းချက်ကို ပြီးမြောက်အောင်မြင်စွာ လုပ်နိုင်ဖို့ ယတိပြတ်ဆုံးဖြတ်ခဲ့သည်။ ထိုက်​ပေါင်ခန်းမ​ဆောင်သည် ကျိုးယန်ခရိုင်ရှိ ကျော်ကြားတဲ့ ဝိုင်အိမ်သုံးခုထဲမှ တစ်ခုပင်။ယင်း၌ စုစုပေါင်း မန်နေဂျာ သုံးဦးရှိလေရာ မန်နေဂျာချုပ်က​တော့ ယခုအခါ အသက်ကြီးနေပြီဖြစ်ပြီး တစ်လခွဲအကြာတွင် ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ထားသည်။ မန်နေဂျာချုပ်သစ်ကို သူနှင့် တတိယလူထဲမှ ရွေးချယ်မည် ဖြစ်သည်။သာယာ​အေးချမ်းဖွယ်ခြံဝင်းမှ သစ်သီးများဝယ်ယူနိုင်​ရေး၌ ညှိနှိုင်းနိုင်ပါက မန်နေဂျာချုပ်ဖြစ်လာမည်မှာ အသေချာပင်။အားလုံးက မန်နေဂျာတွေ ဖြစ်ကြသော်လည်း ၎င်း၏အခွင့်အာဏာနှင့် လစာမှာ အလွန်ကွာခြားသည်။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now