[79+80]

5.4K 765 46
                                    

[Unicode]

079: မွေးနေ့လက်ဆောင်

တောင်ခြေရင်း၌ မည်သူကိုမျှ မတွေ့ရတော့မှ ချင်မျန်သည် တောဝက်သိုးနဲ့ ကျားကို နယ်​မြေထဲကနေ သယ်ထုတ်လိုက်သည်။
သမင်သားအချို့ကို လှီးဖြတ်ကာ ဖြည်းညှင်းစွာ ကင်ပြီး ဗိုက်ဖြည့်လိုက်ကြသည်။ချင်မျန် အကူအညီတောင်းရန် အိမ်ပြန်သွားချိန်တွင် လဲ့ယ်ထျဲက​တော့ သားကောင်ကို စောင့်ကြပ်နေခဲ့သည်။
ဦးလေးဖူသည် ဝက်သိုးနှင့်ကျားကို အိမ်ပြန်သယ်ရန် နွားလှည်းလေးကို မောင်းလာခဲ့၏။

လမ်းတစ်လျှောက်တွင် လယ်ထဲရှိ ရွာသားများသည် လှည်းပေါ်မှ ကျားကြီးတစ်ကောင်ကို တွေ့သောအခါ အံ့အားတကြီး အော်ဟစ်ပြောဆိုသံများ ထွက်ပေါ်လာခဲ့သည်။သူတို့အားလုံးသည် လဲ့ယ်ထျဲ၏စွမ်းရည်၊ ရဲစွမ်းသတ္တိနှင့် ထက်မြက်သည့်လေးပစ်စွမ်းရည်ကို ချီးကျူးဂုဏ်ပြုရင်း နွားလှည်းသွားရာ​တစ်​လျှောက် စောင့်ကြည့်ရန် ဝိုင်း၍လိုက်လာကြသည်။

ချင်မျန်က​တော့ ရယ်စရာလည်း​ကောင်းသလို စိတ်ဓာတ်ကျသလိုလည်း ခံစားသွားရသည်။ရယ်စရာကောင်းတာက ဒီလူတွေက လဲ့ယ်ထျဲရှေ့မှာတော့ စပ်မိစပ်ရာ စကားတွေသွားမပြောရဲဘဲ သူ့ကိုပဲ ချဉ်းကပ်ဝံ့ကြတာပဲ။လဲယ်ထျဲက သူ့အစား ကျားကို အမဲလိုက်ခွင့်ရခဲ့တာ သေချာသိ​လေ စိတ်ဓါတ်ကျစရာ ကောင်းသွား​လေပဲ!

သူ ခေါင်းကိုလှည့်၍ အရပ် 1.9 မီတာရှိသော အမျိုးသား၏သန်မာပြီး သွယ်လျသောရုပ်သွင်ကို ကြည့်ကာ 1.7 မီတာသာရှိသော သူ့ခန္ဓာကိုယ်နှင့် နှိုင်းယှဥ်ကြည့်လိုက်မိသည်။ညဘက်ကျရင်​တော့ ထမင်းတစ်ပန်းကန် ပိုစားဖို့ ဆုံးဖြတ်လိုက်တော့၏။

အိမ်ထဲသို့ အ​ချောင်ခိုရွာသားများနှင့် ခပ်ဆိုးဆိုးကလေးများကို ဝင်ခွင့်ပြုလိုက်ပါက သီးပင်စားပင်တွေနှင့် ပန်းခင်းတွေကို ဖျက်ဆီးပစ်မည်ကို စိုးရိမ်သဖြင့် ရွာသူရွာသားများအား ဝင်ခွင့်မပေးဘဲ ဂိတ်ပေါက်ဝတွင် နွားလှည်းရပ်ရန် ဦးလေးဖူအား တောင်းဆိုလိုက်ပြီး အားရ​အောင် မတ်တပ်ရပ်ကြည့်ခိုင်းလိုက်လေသည်။

ရွာသားများက ကျားကို ဝိုင်းပတ်ကြည့်ရှုနေကြပြီး အိမ်အတွင်းသို့ လိုက်သွားကာ ခြံဝန်းအတွင်း လမ်းပတ်လျှောက်ကြည့်ချင်ကြပြန်သည်။အပြင်ဘက်က​နေ နံရံအတွင်း၌ ကပ်​ပေါက်​နေသည့် အဖြူရောင်သစ်တော်သီးပန်းများနှင့် ပန်းရောင်မက်မွန်ပွင့်များကို မြင်တွေ့နေရကာ သူတို့လေးတွေက အရမ်းလှပြီး အတွင်းကနေကြည့်ရင် ပိုတောင်လှနေမည်ဖြစ်ရာ စူးစမ်းကြည့်ချင်ကြ၏။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now