[20+21]

6.4K 863 6
                                    

[Unicode]

020:ဆောင်းဦး ရိတ်သိမ်းခြင်း

ချင်မျန်တစ်​ယောက် ပန်းကန်တွေကို ဆေးကြောပြီးသောအခါ  မီးဖိုချောင်မှ ပြန်မထွက်မီ အားလုံးကို နဂိုအနေအထားအတိုင်းသို့ အစီအရီပြန်ထားလိုက်၏။သူ ပြန်ထွက်လာ​တော့ လဲ့ယ်ထျဲက စားပွဲပေါ်တွင် ထိုင်နေကာ လက်တစ်ဖက်က မေးစေ့ကိုထောက်ရင်း ခေါင်းငိုက်စိုက်လျက် မျက်လုံးမှိတ်ထားသည်ကို တွေ့လိုက်ရပြီး သူခန္ဓာကိုယ်က​နေ ဝိုင်နံ့သင်းသင်းထွက်​နေ၏။

ကျောက်ဆားကို အိမ်အပြင်ဘက်သို့ ယူလာပြီး မြေပြင်ပေါ်တွင် ထိုင်ချလိုက်၏။သူ ပလုပ်ကျင်း​နေ
စဥ် ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်နေသည်ကို ခံစားလိုက်ရသည်။သူ့စိတ်သည်လည်း တည်ငြိမ်နေ၏။အိမ်ခွဲ​နေလိုက်တာက တကယ့်ကို ကောင်းမွန်တဲ့ စတင်မှုပဲ။

ထို့နောက် အိပ်ခန်းထဲ၌ အဝတ်သန့်​တွေကိုဝင်ယူပြီး​နောက် စည်ပိုင်းထဲသို့ ရေနွေးထည့်လိုက်သည်။ရေချိုးခန်းမရှိသောကြောင့် ရေချိုးကန်ကို အပြင်ဘက်သို့ ထုတ်လိုက်ရသည်။သူ့အဝတ်အစားတွေကို ချွတ်ပြီး အထဲဝင်ထိုင်လိုက်တော့မှ သူ သက်တောင့်သက်သာရှိလွန်းလို့ သက်ပြင်းတစ်ချက်ချလိုက်မိ၏။ထို့နောက်တွင် သူသည် ဝိညာဉ်စမ်းရေအချို့ကို ချိုးရေထဲသို့ တိတ်တဆိတ်ထည့်လိုက်သည်။အ​စောပိုင်းက ပြောရန်ပင် မထိုက်တန်တဲ့ ကြိုးစားအားထုတ်မှုမျိုးကြောင့် ယခုတွင်သာ သူ အလွန်သက်တောင့်သက်သာ ခံစားခဲ့ရသည်။

လဲ့ယ်ထျဲ မျက်လုံးဖွင့်လိုက်သည်နှင့် အပြင်ဘက်မှ ရေသံကြားလိုက်ရသည်။သူ့မျက်လုံးတွေသည် လှိုင်းမရှိသည့် ရေတွင်းနက်တစ်ခုလိုပင်၊သူ့အတွေးများကိုလည်း မသိနိုင်။
ရေချိုးပြီးနောက် ချင်မျန်က လန်းဆန်းလာ၏။နေရာတိုင်းကို ရေတွေသွန်ချလိုက်ပြီး စိတ်လက်​ပေါ့​ပါးစွာ အ​ကြောအခြင်​တွေ ဆန့်ထုတ်လိုက်သေးသည်။ “ကျွန်တော် အရင်သွားအိပ်တော့မယ်။အိုးထဲမှာ ရေနွေးရှိသေးတယ်။ခင်ဗျားအတွက် လုံလောက်ပါတယ်။"

“အင်း... ဒီနေ့ စပါးခင်းနားကိုဖြတ်သွားတော့ စပါးတွေက ရိတ်လို့ရပြီ”

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now