[Unicode]
099 – တခြားသူတွေကို ချမ်းသာအောင် လမ်းညွှန်ဖို့ အရင် ချမ်းသာရမယ်
သေချာစဉ်းစားပြီးနောက် ချင်မျန်သည် စားသောက်ဆိုင်တွင် ပူစပ်ဟင်း၊ ဟော့ပေါ့နှင့် အသားကင်များ ရောင်းချခြင်းကို ရပ်ဆိုင်းပြီးနောက် ရောင်းချမည့် အစားအစာအမျိုးအစားများကို ဆုံးဖြတ်ခဲ့သည်။ ယင်းတို့မှာ ခေါက်ဆွဲ၊ ဖက်ထုပ်၊ အသားဘာဂါများ၊ ဖက်ထုပ်ပေါင်းများ၊ အိတုံကိတ်နှင့် ဟင်းချိုများဖြစ်သည်။ ခေါက်ဆွဲကတော့ ပထမဆုံး ထူးခြားသည့် အရောင်စုံခေါက်ဆွဲတွေပဲ ဖြစ်သည်။ ရောင်စုံခေါက်ဆွဲကို လုပ်ရတာ မခက်ပေ။ ဥပမာအားဖြင့် အစိမ်းရောင်ခေါက်ဆွဲပြုလုပ်လိုပါက အစိမ်းရောင်ဟင်းသီးဟင်းရွက်ဖျော်ရည်ကို ဂျုံမှုန့်ထဲသို့ ညှစ်ထည့်ကာ မုန့်စိမ်းဖြစ်လာအောင် မွှေပြီး နာရီဝက်ခန့် သိပ်ထားပြီးနောက် ခေါက်ဆွဲစက်ဖြင့် ညစ်လိုက်ရမည်။ ထို့အပြင် အဝါရောင်ခေါက်ဆွဲအဖြစ် ပြုလုပ်လိုပါက ရွှေဖရုံသီးကို အသုံးပြုနိုင်ပြီး ခရမ်းရောင်ခေါက်ဆွဲအဖြစ် ခရမ်းရောင် မညှိုးပန်းနှင့် သစ်သီးဖျော်ရည်များကိုပင် သင့်လျော်သလို ထည့်သုံးနိုင်သည်။ အာဟာရဓာတ်ကြွယ်ဝစွာပါဝင်သည့်အပြင် ဆိုင်အား လှပသောအမြင်အာရုံကိုပေးဆောင်စေပြီး အရသာရှိလှသည်။
ဖက်ထုပ်များနှင့် ပေါင်းထားသော မုန့်များသည် ကလေးများကြား ရေပန်းစားပြီး မုန့်နှစ်ကို အဓိကထား၍ အာရုံစိုက်လုပ်ရမည်။ အသားဘာဂါ၊ ဖက်ထုပ်ပေါင်းနှင့် ရေနွေးငွေ့ဖြင့် ပေါင်းထားသော အိတုံကိတ်များကဖြင့် ဤကမ္ဘာပေါ်တွင် မရရှိနိုင်သေးပေ။
ဟင်းချိုအတွက်ကတော့ ဟင်းခတ်အမွှေးအကြိုင်က အရေးကြီးဆုံးပါပဲ။ အသားဘာဂါ၊ ဖက်ထုပ်ပေါင်းနှင့် ပေါင်းထားသော အိတုံကိတ်ကို စားခြင်းကြောင့် ရေငတ်လာလိမ့်မည်။ ဟင်းချိုဝယ်ပြီးတာနဲ့ စားသောက်ရာတွင်လည်း လွန်စွာပျော်သွားနိုင်၏။ ဆိုင်းဘုတ်ပေါ်တွင် အနှီအထူးမီနူးများ တင်ထားသဖြင့် စားသောက်ဆိုင်၏ လုပ်ငန်းသည် ကောင်းမွန်လာမည်။
စာရွက်ပေါ်တွင်အသေးစိတ်အချက်အလက်အားလုံးကိုရေးပြီးနောက် ချင်မျန်သည် လဲ့ယ်ချင်လီအား မြို့တွင်းရှိ ယွီသုန်အား ပေးခိုင်းလိုက်သည်။
YOU ARE READING
မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||
RomanceThis is just a fan translation.I don't own this novel.All Credit to Original Author & Eng Translator \^•^/ Title - Transmigration of Mian reluctantly Becomes his man wife Original Author - LianXiNingMou Eng Translator - foxaholic Total - 222 chapt...