[89+90]

3.8K 510 22
                                    

[Unicode]

089 : ကိုယ်ခံပညာပြိုင်ပွဲကျ ဘာလို့မပါရတာလဲ?

ဟုန်​စီ​ရွေ့သည် လူလတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးနှင့်အတူ လိုက်ပါလာသည်။

"သူဌေးချင်...."

ရှေ့က​နေလျှောက်လာနေတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားသည် ပညာရှင်တစ်ယောက်လို ၀တ်ဆင်ထား၏။ သူကား ဟုန်​စီရွေ့ နှင့် တစ်ဝက်လောက်တူကာ  ဝဖိုင့်ဖိုင့်ဗိုက်နှင့်အတူ ကြင်နာတတ်တဲ့ မျက်နှာပေါက်နှင့် အရိ​မေတ္တေယျဘုရားကဲ့သို့ အပြုံးတစ်ခုကို ပန်ဆင်ထားသည်။ အခြားလူလတ်ပိုင်းအရွယ် အမျိုးသားက​တော့ မီးခိုးရောင်၀တ်စုံနှင့် အနက်ရောင်တာဘန်(ခေါင်း​ပေါင်း)ကို ၀တ်ဆင်ထားသည်။ပိန်ပါးပြီး လူယဥ်​ကျေးပုံစံ​ပေါက်​နေကာ သူ့မျက်လုံးထဲတွင် ဉာဏ်ပညာရှိ​ကြောင်း ပေါ်လွင်နေ၏။

ဟုန်စီ​ရွေ့သည် အရိ​မေ​တ္တေယျဘုရားအပြုံးနှင့်တူသည့်လူကို ပြောလိုက်သည်။ "အဖေ ဒါက ရှန်းရှန်းခန်းမပိုင်ရှင် သူ​ဌေးချင်ပါ။ သူ​ဌေးချင် ဒါက ကျွန်တော့်အဖေ။ လောကသိနာမည်က ယုံချန်။"

ချင်မျန် စိတ်ကူးထားသည့် ကျောင်းအုပ်ဟုန်နှင့် လုံးဝကွဲပြားနေသည်။ သူ့မျက်လုံးထဲရှိ အံ့အားသင့်သွားသည်ကို ကောင်းစွာဖုံးကွယ်မထားနိုင်ခဲ့သော်လည်း သူ့အမူအရာကို အမြန်ပြင်လိုက်ပြီး နှုတ်ဆက်ဖို့ ရှေ့တိုးသွားလိုက်သည်။ "ဒီငယ်သားက ကျောင်းအုပ်ဟုန်ကို နှုတ်ခွန်းဆက်ပါတယ်"

ဟုန်ယုံချန်သည် အကယ်ဒမီကျောင်း၏ ကျောင်းအုပ်ဖြစ်လာလျှင် သူ့တွင် နာမည်ကောင်း (ဂုဏ်ဒြပ်)ရှိရမည်။ သို့သော်လည်း ဟုန်စီ​ရွေ့က သူ့ကို ထိုကဲ့သို့ မိတ်ဆက်ပေးခဲ့ခြင်း မရှိပေ။ ဟုန်ယုံချန်သည် သူ့ရဲ့ကျော်ကြားမှုဖြင့် အခြားသူများအ​ပေါ် မညှဉ်းဆဲလိုသည်မှာ ဖြစ်နိုင်သည်။

ကျောင်းအုပ်ဟုန်သည် ချင်မျန်၏မျက်လုံးထဲက​နေ အံ့အားသင့်သွားသည်ကိုတွေ့လိုက်ရသော်လည်း ကျိုးနွံစွာပြုံးကာ အလေးမထားခဲ့ပေ။ "သူဌေးချင် ယဉ်ကျေးနေဖို့ မလိုပါဘူး။ ဒီလို စွမ်းရည်ပြိုင်ပွဲတွေက ကျောင်းသားတွေအတွက်လည်း အကျိုးရှိစေပါတယ်။ ကျွန်တော့်ရဲ့အ​ထောက်အပံ့က ပမွှားပါပဲ"

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now