[31+32]

5.6K 826 38
                                    

[Unicode]

031: ဘယ်သူ ရှုံးတာကိုစဝန်ခံမလဲ?

ထမင်းစားပြီးသည်အထိ လဲ့ယ်ထျဲ ပါးစပ်ပိတ်နေဆဲပင်။
ချင်မျန်က အရမ်းဒေါသထွက်နေပေမယ့်လည်း ဟင်းနှစ်ပန်းကန်နှင့် ထမင်းတစ်ပန်းကန် ထပ်မှာ​ပေးလိုက်သည်။
စားပြီးနောက် မထွက်သွားခင် ပိုက်ဆံရှင်းလိုက်သည်။လဲ့ယ်ထျဲက ဆွံ့အနေတဲ့ သူတစ်ယောက်လို လိုက်လာပြီး သူ့လက်ထဲတွင်လည်း တိုင်ကို သယ်လာ၏။ချင်မျန်ကလည်း သယ်ခိုင်းဖို့ မငြင်းပေမယ့်လည်း တောက်လျှောက် စကားမပြောပေ။

လဲ့ယ်ထျဲ စကားပြောလာချင်​ပေမယ့်လည်း ဘာမှမပြောဖြစ်။သူ့မျက်လုံးတွေက​တော့ ဆယ်ကျော်သက်လေး၏ပါးလွှာသည့် ကျောပြင်ပေါ်သို့ ကျရောက်နေမြဲ။မကြာသေးမီက သူတို့ အစားအသောက်ကောင်းများကို စားဖြစ်လာသောကြောင့် ဇနီးလေးက ကောင်းစွာကြီးပြင်းလာခဲ့သည်။သူ့ခန္ဓာကိုယ်က ပိန်နေသေးပေမယ့်လည်း သူ့မျက်နှာမှာ အရင်ကထက် အသားပိုထွက်လာ၏။သူ့ရဲ့ခြောက်သွေ့သည့်ဆံပင်များက ပျော့ပျောင်းပြီး ပိတုန်း​ရောင်ထ​နေကာ ဆံပင်အမြင့် ချည်နှောင်ထားလျက် သူတို့၏သခင်ဖြစ်သူမှာ ဒေါသကြီးသူ ဖြစ်​ကြောင်း လူများမသိမှာကို စိုးရိမ်နေသကဲ့သို့ ယိမ်းနွဲ့နေ၏။

ဆယ်ကျော်သက်လေး၏ဒေါသအမူအရာကို တွေးမိရင်း လဲ့ယ်ထျဲ၏နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်သွားသော်လည်း ချက်ခြင်းပင် ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။သူသည်ကား ဆယ်ကျော်သက်လေးနှင့်ပတ်သတ်ပြီး သိပ်နားမလည်​ပေ။သို့သော် သူချော့ရမည့်ဆိုလျှင် သူတကယ် ဘာလုပ်ရမည်မသိ အကူအညီမဲ့ ဖြစ်ရသည်။

ချင်မျန် လမ်းလျှောက်လာရင်း သူ့နောက်က လှုပ်ရှားမှုကို နားထောင်ကြည့်​နေပေမယ့် သူ ဘာမှ မကြားရဘူး။သူတကယ်စိတ်ဆိုးနေတာမဟုတ်ပေမယ့် စိတ်ပျက်လက်ပျက်ဖြစ်ပြီး သူ့နှလုံးသားရဲ့အောက်ခြေထိတိုင် အစိုင်အခဲတစ်ခုရှိနေတယ်ဆိုတာ အမှန်ပါပဲ။ဘယ်သူ အရင်အ​လျှော့ပေးမလဲဆိုတာ တကယ်သိချင်မိတယ်။

ဒါကိုတွေးပြီး စိတ်လျှော့လိုက်ကာ သူ့ခြေလှမ်းတွေကို ပိုသွက်လိုက်သည်။
သူ မြန်မြန်လျှောက်သည်ဖြစ်စေ နှေးသည်ဖြစ်စေ လဲ့ယ်ထျဲကတော့ သူနှင့်အကွာအဝေးကို အမြဲလိုက်ညှိ​နေခဲ့သည်။

မျန်ရဲ့ဝိညာဉ် ကူး​ပြောင်းလာတယ် ||မြန်မာဘာသာပြန်||Where stories live. Discover now