အခန်း (၉၁): စွဲချက်တင်ခြင်း
"လွတ်လွတ်လပ်လပ် ကြိုးစားပါ"
အဆောက်အအုံရဲ့ ဝင်ပေါက်က တစ်ခဏလောက် တိတ်ဆိတ်သွားတယ်။
ခဏလောက်ကြာတော့ ဟယ်ယန် ရုတ်တရက် စိတ်ညစ်မနေတော့ပဲ ကျယ်လောင်စွာ အော်လိုက်တယ်။ "ဦးလေး"
ဒီပုဂ္ဂိုလ်က သူမရဲ့ ဦးလေးလား။ စွန်းလင် သူ့ရှေ့က လူငယ်လေးကို အကဲဖြတ်လိုက်တယ်။ သူ့ရဲ့ ရုပ်ရည်ချောမောတဲ့ ပုံပန်းသွင်ပြင်နဲ့ ရည်မွန်တဲ့အမူအကျင့်ကိုကြည့်ပြီး သူမတတ်နိုင်ပေမယ့် မနာလိုမှုက စူးခနဲ အောင့်သွားတယ်။ သူ့မျက်နှာပေါ်က မွေးရာပါ အမှတ်ကြီးတစ်ခုနဲ့ သူကရုပ်ဆိုးတယ်လို့ သူထင်ပြီး ပိုပြီးကြည့်ကောင်းတဲ့ သူတွေကို စက်ဆုပ်တယ်။ သူက အိမ်မှာ မရေတွက်နိုင်လောက်တဲ့ ကိုယ်လုပ်တော်အများကြီး ရှိပြီး အပြင်က အပြစ်မဲ့တဲ့ အမျိုးသမီးတွေကိုပါ မကြာခဏ ဖျက်ဆီးရမ်းကားလေ့ရှိတယ်။ တဏှာ ကြောင့်မဟုတ်ပဲ သူ့မှာမရှိတာတွေကို တခြားသူတွေပိုင်ဆိုင်တာတွေကိုသူရပ်မကြည့် နိုင်တာလည်းပါတယ်။
သူ့ရှေ့က လူက သူမတူပဲကြည့်ကောင်းနေတာက လျန်ကျိုးမှာပဲ မဟုတ်ပဲ တာ့ဝေက အကောင်းဆုံးထဲမှာတောင်ဖြစ်နိုင်တယ်။
"ဦးလေး" ဟယ်ယန် ရှောင်ကျွယ်ရဲ့ အနောက်ဘက်ကို အမြန်ခုန်ပြီးပြေးသွားလိုက်တယ်။ စွန်းလင် ကို ခိုက်ခိုက်တုန်အောင်ညွှန်ပြနေပြီး သူမရဲ့ခေါင်းကိုပဲ ထုတ်ဖော်ပြထားတယ်။ "ဒီလူ သူငါ့ကို အနိုင်ကျင့်နေတာပဲ"
အပြင်မှာ အနိုင်ကျင့်ခံရတဲ့ကလေးတစ်ယောက်က အိမ်ပြန်ရောက်တော့ သူ့အကြီးတွေကို ပြန်တိုင်နေသလိုမျိုး သူမက အပြစ်မဲ့တဲ့အသံနဲ့ အော်ငိုနေခဲ့တယ်။ ဘေးမှာရပ်နေတဲ့ ဖေးနျူက ကြည့်လိုက်ပြီး ပြောစရာစကား မရှိလောက်အောင်ဖြစ်နေခဲ့တယ်။
ရှောင်ကျွယ်ရဲ့ ခန္ဓာကိုယ်ကလည်း တောင့်တင်းနေခဲ့တယ်။ သူ့ရဲ့ အဝတ်တွေကို ဆောင့်ဆွဲနေတဲ့ လူကို မသိချင်ယောင်ဆောင်ကာ သူ့ရဲ့ မနှစ်မြို့မှုကိုလည်း သည်းခံထားခဲ့ပြီး စွန်းလင် ကိုပဲ အာရုံစိုက်ကာ "အဲ့ဒါက မင်းလား"