Part 1 (U)

27.7K 1.7K 397
                                    

၃ နာရီနီးပါးခြေတောင့်အောင်လိုက်ခဲ့ရသလို နွယ်နီနေတဲ့တိုက် ၅ လွှာထိတက်လာရပြန်တော့ဧည့်ခန်းထဲရောက်ချိန်လူလည်းဖလက်ပြချင်နေပါတော့တယ်။

"မောသွားပြီလား၊ အအေးသောက်လိုက်ပါဦး"

ကမ်းပေးလာတဲ့ Cola သံဗူးလေးကရေခဲသေတ္တာထဲကထုတ်လာကာစအေးစိမ့်နေပါတယ်။ လှမ်းယူလိုက်ရင်း...။

"အခုမှပဲခြေကုန်လက်ပမ်းကျတယ်ဆိုတာကိုကိုယ်တွေ့သိလိုက်ရတော့တယ်"

မိန်းကလေးတွေရှော့ပင်းထွက်တာဒီလောက်အသေးစိတ်မှန်းမသိလို့ အဖော်လိုက်ပေးမယ်ပြောခဲ့မိတဲ့ကိုယ့်ပါးစပ်ကိုသာပိတ်ရိုက်ချင်တဲ့စိတ်တို့ကလမ်းတစ်လျှောက်လုံးဘယ်နှစ်ကြိမ်လောက်​ပေါ်ခဲ့မိမှန်းတောင်မသိခဲ့ပါ။

နောက်များတော့ဒိုးစလံတင်းစလံပါပဲအမိရယ်။

ဆိုဖာပေါ်မှာကိုယ်ကိုမှီလျော့ကာထိုင်လိုက်ရင်း အအေးဗူးကိုဖွင့်ဖောက်ကာသောက်နေစဥ် နွယ်နီကရယ်​မောရင်းမှ​အနားကပ်လို့ထိုင်၏။

အခန်းထဲပစ္စည်းတွေဝင်ထားအုံးမယ်ဆိုပြီးခဏအကြာပြန်ထွက်လာချိန် အဝတ်အစားကိုပါလဲလာတာကိုသတိထားမိလိုက်တော့အကြည့်ကိုလွှဲလိုက်ရပေမဲ့ ဖြူဖွေးဝင်းမွတ်နေတဲ့ပေါင်တံတို့ကမြင်ကွင်းထဲကနေကင်းလွတ်မသွားခဲ့ပါ။

"ညနေစာစားပြီးမှပြန်လေ နော် မောင်"

ပုခုံး​ပေါ်မေးလေးဖွဖွတင်ကာချိုနွဲ့ကာဆိုလာချိန်...။

"မစားတော့ပါဘူး၊ ကိုယ်သွားစရာရှိသေးတယ် "

မရှိလည်းအခုရှိလိုက်ရင်းနောက်ဆိုဘယ်တော့မှအဖော်မလိုက်တော့ရန်ဆုံးဖြတ်ချက်ကစိတ်ဝယ်ချက်ချင်းကျ၏။

"ဘယ်ကိုသွားမလို့လဲဟင်"

​မေးခွန်းကိုစိတ်ထဲမနှစ်သက်မိပေမဲ့ပက်သက်စရာအကြောင်းလေးတွေကလည်းရှိနေခဲ့တော့ ဘာမှတော့ပြန်မပြောလိုက်တော့ပါ။ ပြုံးပြလိုက်ရင်းမုသားစကားကိုဆိုရပြန်၏။

"မိတ်ဆွေပါ။ ချိန်းပြီးသားဖြစ်နေလို့"

"အင်းပါ။ ခဏတော့နေပေးပါအုံးနော်။ တစ်ခါတစ်လေမှတွေ့ရတာကိုမောင်ရယ်"

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now