Part 48 (U)

9.9K 859 988
                                    

မောင်နှမနှစ်ဦးမီးဖိုထဲတွင်မနက်စာပြင်ဆင်နေစဉ် ညီမလေးကမေး၏။

"ကို့ကို့နှုတ်ခမ်းကကွဲနေတာလား။ နည်းနည်းယောင်နေတယ်နော်"

"အပူကန်တာဖြစ်မှာပေါ့"

"ဝမ်းချုပ်ပြန်ပြီလား၊ မနက်ခင်းတိုင်းရေတစ်ခွက်သောက်ပါလို့ပြောထားတယ်လေ"

"သောက်ပါတယ်၊ ခုနပဲညီမလေးရှေ့မှာသောက်လိုက်တယ်လေကွာ"

"ပုံမှန်သောက်ရင်ကွဲစရာလား၊ ကိုကိုနော် ဆရာဝန်လောင်းဖြစ်ပြီး ကျန်းမာရေးကိုလည်းဂရုမစိုက်ဘူး။ ပုံမှန်ရေသောက်ပြီးအပုပ်စင်အောင်နေလေကွာ၊ ဝမ်းချုပ်တာနဲ့အပူကန်​တော့မှာပေါ့။ ကျောင်းဖွင့်တာနဲ့ဖြစ်လာပြီ၊ စာကြည့်နေရင်အိမ်သာတောင်ထမတက်ချင်တာဘာအကျင့်မှန်းကိုမသိဘူး"

မနက်ခင်းမှာရေတစ်ခွက်သောက်ပြီးအစာအိမ်ကိုရှင်းထုတ်ပြီးမှ အစာသစ်ကိုစားလေ့ရှိတဲ့ညီမလေးကကျန်းမာရေးဂရုစိုက်လွန်းသူ။ ကျွန်တော့်လောက်အသားအရည်မလှပေမဲ့ စိုပြေပြီးအဖုအပိတ်တစ်ခုမှမရှိလေအောင်နေတတ်ထိုင်တတ်သူလေး။ ခုလည်းနှုတ်ခမ်းကွဲနေတယ်အထင်နှင့်ဆရာလုပ်နေသည်ပင်။

တကယ်တော့နှုတ်ခမ်းကအစွယ်နှင့်ချိတ်မိလို့ပေါက်သွားရသည့်အဖြစ်။ ချိတ်မိတာလား တမင်ကိုက်လိုက်တာလားလည်းမသိတော့ပါ။ မလွှတ်တမ်းငုံခဲထားတဲ့သာလိကာဟာ သာလိကာမဖြစ်နိုင်၊ ဘာကောင်းမှန်းကိုမသိတော့ပါဘူးဗျာ။

ထူပူနေသော​အောက်နှုတ်ခမ်းကိုဖိငုံထားလိုက်ရင်း မျက်မှောက်ကိုကျုံ့ထားလိုက်မိသည်။

"သွေးတောင်စို့နေတယ် သွား..ငယ်လေးမှန်တင်ခုံပေါ်မှာနှုတ်ခမ်းနီအဆီတောင့်လေးရှိတယ်။ သွားဆိုးထားလိုက်၊ ရန်ကုန်ပြန်ရင်ယူသွားနော်၊ ဆောင်းတွင်းကအားကြီးနှုတ်ခမ်းကွဲတတ်တယ်"

"ရတယ် စားပြီးမှပဲဆိုးလိုက်မယ်"

"ဂရုစိုက်ပါကိုကိုရဲ့"

"အင်းပါကွာ"

ထိုစဉ်တရားခံညီမင်းသွင်တစ်ယောက် အခန်းအပြင်ကိုထွက်လာ၏။ ရေချိုးခန်းရှိရာဆင်းသွားတော့မှ သက်ပြင်းကိုခိုးချလိုက်မိသည်။ အခန်းထဲဝင်​ကြည့်လိုက်တော့ သူ့အိပ်ယာကိုအဆင်ပြေသလိုခေါက်သိမ်းသွားသား။

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now