2010 (September)
"ဆရာကြီး၊ ဆရာကြီးရဲ့သားရောက်နေပါတယ်"
"ဘယ်သူလဲ"
"သားအကြီးပါ"
"လွှတ်လိုက်"
တစ်ပတ်တစ်ခါလာထိုင်ရတဲ့ရုံးခန်းထဲရှိနေစဉ် PA ဝန်ထမ်းသတင်းပိုလာခြင်းနှင့်အတူ ရုံးခန်းထဲဝင်လာပြီးဆိုဖာတွင်ခြေပစ်လက်ပစ်ဝင်ထိုင်လိုက်သော သားကြီးဩရသကိုအတွေ့မျက်မှောင်ကိုကုတ်ထားလိုက်မိသည်။ အခုတလောခြေငြိမ်ငြိမ်နှင့်ကြိုးစားနေတဲ့ကောင်က တော်ရုံနဲ့ရုံးကိုမလာတတ်ပါ။
"မျက်မှောင်ကြီးကိုကုတ်မထားပါနဲ့ဗျာ၊ ပိုက်ဆံလာတောင်းတာမဟုတ်ပါဘူး"
သူ့အမေနှင့်ပြီးပြတ်ခဲ့ပေမဲ့သားတစ်ယောက်အနေနဲ့ လိုအပ်တာတွေဖြည့်ဆည်းပေးခဲ့ရခြင်းကလည်းရှိနေခဲ့ပြန်တော့အဆက်အသွယ်လည်းမပြတ်ခဲ့ကြ။
"ကျေးဇူးတင်ရမှာပေါ့ဗျာ၊ မင်းဆိုင်တော်တော်အဆင်ပြေနေတယ်လို့ကြားတယ်၊ ဝမ်းသာပါတယ်ကွာ"
"ပြေတာပေါ့၊ ဒီလိုလုပ်ငန်းမှကျွန်တော်နဲ့အဆင်မပြေရင် ဘယ်လုပ်ငန်းကပြေပါ့မလဲ၊ အေးဆေးအေးဆေး"
သားနှစ်ယောက်ရှိပေမဲ့ အချိုးအချိတ်တွေကတစ်မျိုးစီ။ မအေနှင့်တူသူနှင့်အဖေတူနှစ်ယောက်ရဲ့တူညီသောအချက်က ဖအေကိုသူငယ်ချင်းလိုပြောပုံဆိုပုံတွေကခပ်ရမ်းရမ်း။ ကိုယ်ကလည်းဒီလိုအပြောတွေကိုခေါင်းထဲသိပ်မထည့်တတ်တော့ တစ်ခါတစ်လေသားအဖတွေနှင့်မတူသလိုတောင်ဖြစ်နေတတ်၏။
"အေးပါ ဖိဖိစီးစီးလည်းလုပ်ဦး၊ ပေါက်ကရတွေလုပ်မယ်ဆိုရင် ဟန်နီတို့သားအမိမျက်နှာကိုထောက်ပေါ့ကွာ"
"ဒါတွေကြောင့်လည်းကျွန်တော်ဘက်က ဒီလောက်အားကြိုးမာန်တက်လုပ်ပြနေတာပေါ့ဒယ်ဒီရာ၊ အဲတာတွေထားပါ အရေးကြီးတဲ့စကားပြောစရာရှိလို့လာခဲ့တာ၊ ဒီနားကိုလာထိုင်ပါဦး"
ဘေးကဆိုဖာကိုပုတ်ပြပြီးလာထိုင်ပါပြောနေပြန်သည်။ အိမ်ထောင်လည်းပျက်ခဲ့ပြီးနေချင်သလိုနေနေရင်းက ခရုအဆံကျွတ်တော့မလိုဖြစ်သွားတဲ့ဒီသားအမိရဲ့ကုသိုလ်ကံအကျိုးပေးကလည်းအံ့ဩဖို့တောင်ကောင်းဘိခြင်း။
YOU ARE READING
ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤