Part 61 (U)

5.4K 567 289
                                    

2 November 2010

တစ်ခန်းလုံးတိတ်ဆိတ်ငြိမ်သက်နေပေမဲ့ ရင်ထဲတွင်ဆောက်တည်ရာမရပြင်းစွာတုန်လှုပ်နေမိသည်။ ဖုန်းတွေခေါ်နေပေမဲ့တစ်ဖက်မှာပြန်လည်ဖြေကြားနိုင်ခြင်းမရှိပေ။

လိုက်မလာနဲ့နော် ပြန်လာခဲ့မယ်လို့အထပ်ထပ်ပြောသွားသောစကားကြောင့် ထိုင်မရထမရနှင့်လူလည်းယောက်ယက်ခတ်နေ၏။

ရှင်မင်းခတို့လင်မယားလာခေါ်သောကားနှင့်မှော်ဘီပြန်သွားရတဲ့စစ်က ညလည်းပြန်မလာ။ မနက်ပိုင်းကုန်လို့နေ့လယ် ၁ ချက်တီးရောက်တဲ့အထိ ဖုန်းဆက်မလာပြန်တော့ပူပင်သောကတွေနဲ့လူကရူးချင်ချင်။

စစ်မှော်ဘီထွက်သွားပြီးသိပ်မကြာခင်မှာ ဒယ်ဒီနှင့်ကိုကိုရောက်လာ၏။ ဘယ်ချိန်ထဲကစုံစမ်းထားလည်းမသိတဲ့သက်သေတွေကြောင့် ငြင်းလို့လည်းမရနိုင်တော့ချေ။

လူရှေ့တွင်ဆင်ခြင်နိုင်ခဲ့ပေမဲ့ ဒယ်ဒီတို့ကွန်ဒိုမြေအောက်ကားပါကင်နှင့် ကျွန်တော်တို့ကားပါကင်မှာစိတ်လွတ်ကိုယ်လွှတ်ဖက်နမ်းမိတဲ့ဓာတ်ပုံများ။ ဘယ်ကဘယ်လိုရိုက်မှန်းမသိသော Penthouse ပေါ်ကပုံတွေက လွန်လွန်ကြူးကြူးပုံတွေမဟုတ်သည့်တိုင် ရိုးရိုးသားသားပါလို့လည်းမငြင်းဆိုနိုင်ခဲ့ပါလေ။

နာရီတော်တော်ကြာပွက်လောရိုက်ပြီးမှပြန်သွားတဲ့သားအဖက လက်လျော့သွားတာမဟုတ်မှန်းလည်းသိနေခဲ့၏။ ဦးလေးနှင့်သွားတွေ့ပြီးသွားပြီလို့ပြောလာသောစကားကိုကြားလိုက်မှ မနက်ကအဖေနေမကောင်းဘူးလို့ပြောပြီး လာခေါ်သွားခြင်းအကြောင်းရင်းကိုသိလိုက်သည်။

စာမေးပွဲပြီးနောက်တစ်ရက်တွင် နှစ်ဖက်လုံးကိုအစီအစဉ်ချကာပြောလာတဲ့ပုံစံတွေက ကြိုတင်သိထားလို့သာဖြစ်ခဲ့တာပေါ့။ တစ်ညလုံးတလူးလူးတလွန့်လွန့်နဲ့ကမ္ဘာပျက်နေရင်း ခုလိုခံစားနေရတာကျွန်တော်တစ်ယောက်ထဲမဟုတ်မှန်းလည်းသိနေပြန်တော့ အိပ်လို့လည်းမပျော်နိုင်ခဲ့ပါ။

စစ်လည်းဘယ်လောက်​တောင်စိတ်ဆင်းရဲနေရှာမလဲ။ နဂိုထဲကစိတ်ပျော့ပြီးကြောက်တတ်တဲ့စစ် မှော်ဘီတွင်ဘယ်လိုများရင်ဆိုင်နေရမလဲတွေးမိတော့ နေလို့ထိုင်လို့မရနိုင်​တော့ပါ။

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now