Part 45 (Z)

2.1K 137 37
                                    

မိန်းကလေး ၃ ယောက်ကိုကျွန်တော်နေခဲ့သောအခန်းထဲတွင်နေရာပေးလိုက်ပြီး ယောက်ျားလေး ၄ ယောက်ကတော့ဘုရားစင်ရှေ့တွင်စီတန်း၍အိပ်လိုက်ကြ၏။

အမိုးကတော့ဖွယ်ဖွယ်ရာရာချက်ပြုတ်ကျွေးရင်းပျော်ရွှင်နေပါတော့သည်။ ကျောင်းလည်းပိတ်တုန်းအားရက်တွေလည်းရှိနေလို့အမိုးရွာကိုလိုက်လာရင်းအပြန်တွင်ချောင်းသာဝင်ရန်လည်းစီစဉ်ခဲ့ကြ၏။

အမိုးအတွက်ဝယ်ပေးထားသော CDMA ဖုန်းကြောင့်စစ်နှင့်တော့နေ့တိုင်းဖုန်းပြောဖြစ်၏။ သူငယ်ချင်းတွေရောမမိုးတို့ပါပါလာသောကြောင့်အိမ်ရှင်အနေနှင့်လိုလေသေးမရှိအောင်ဂရုစိုက်ပေးခဲ့ရင်း စစ်သူငယ်ချင်းနှစ်ယောက်၏မသိမသာရော သိသိသာသာပါအကဲခတ်နေခြင်းကိုလည်းခံနေရပါတော့သည်။

ရန်ကုန်ပြန်လျှင်သယ်သွားရန်အတွက်ငါးခြောက်အစုံနှင့်ပုဇွန်ခြောက်တို့ကိုလည်းကိုအောင်သောင်းသူငယ်ချင်းဒိုင်မှကြိုတင်မှာထားရပါသေးသည်။ အမိုးအမျိုးတွေကလည်းဂရုတစိုက်ရှိကြလွန်းတော့ ထားတို့အဖွဲ့မှာရွာလေးကိုလိုက်လာခဲ့ကြပေမယ့်ပျော်ရွှင်လို့နေပါတော့သည်။ အမိုးကိုလည်းပါလာသမျှလက်ဆောင်တို့နှင့်ဝိုင်းဖွဲ့ပြီးကန်တော့ခဲ့တော့အမိုးမှာဝမ်းသာမျက်ရည်တို့ကျခဲ့ရပြန်ပါသည်။

အမိုးကတော့ဖုန်းပြောဖူးခဲ့သည့်စစ်ကိုတဖွဖွမေးနေ​ပြန်တော့အကျိုးအကြောင်းကိုလည်းပြောပြရပြန်သေး၏။ မြင်ဖူးချင်မှန်းသိနေလို့စစ်ယူလာမိတဲ့ဓာတ်ပုံလေးကိုထုတ်ပြမိတော့ချီးကျူးလို့မဆုံးနိုင်တော့ပါ။ Penthouse ပေါ်တွင်စစ်ကိုအလှဓာတ်ပုံတွေရိုက်ပေးခဲ့ခြင်းကြောင့် စစ်ဓာတ်ပုံတွေကကျွန်တော့်ထံတွင်အများအပြားရှိနေ၍ တစ်ပုံကိုအမိုးအတွက်အပိုင်ပေးခဲ့လိုက်ရ၏။

"မင်းသွင်"

"လာ၊ မင်းတို့ကထားတို့နဲ့လိုက်မသွားဘူးလား"

"ကိုရန်ပိုင်လိုက်သွားတယ်လေ၊ ဟိုတစ်နေ့ကလည်းသွားကြည့်ဖူးတော့လိုက်မနေတော့ပါဘူး"

ကွတ်ပစ်တွင်ထိုင်ရင်းစစ်အကြောင်းတွေးနေစဉ် မြတ်သူနှင့်သီဟရောက်လာ၏။ မနက်ဖြန်ပြန်ကြတော့မည်ဖြစ်သောကြောင့် ကိုအောင်သောင်းအလုပ်လုပ်သည့်နေရာကိုလိုက်ပြီးစပ်စုကြခြင်းပါ။ မှာထားသည့်ငါးခြောက်တွေကိုလည်းယူရန်ရှိ​နေသေးတော့ အမိုးကိုခေါ်လို့တစ်ခါထဲငွေချေရန်သွားနေကြခြင်းမျိုးပါ။ ရွာကိုကား ၂ စီးနှင့်လာခဲ့ကြပြီးချောင်ချောင်ချိချိဖြစ်နေတော့အပြန်တွင်လည်းငယ်လေးအတွက်ငါးခြောက်တွေသယ်သွားရပါဦးမည်။

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now