Final Present For My Readers (Z)

3.2K 67 13
                                    

Feb 2015

ရန်ကုန်ကနေ စောစောထွက်လာတဲ့မိုးနှင့်ယဉ်နွဲ့တို့နှစ်ဦး ဖြူးကိုရောက်လာချိန်ကမနက် ၉ နာရီခန့်သာရှိသေး၏။ ထိုမှတစ်ဆင့်တောင်ငူကိုသူငယ်ချင်းသုံးဦးသား ဆက်ထွက်လာခဲ့ကြ၏။ မိုးက ကားကိုမောင်းပြီးယဉ်နွဲ့ကဘေးမှာထိုင်နေခြင်းကြောင့် စစ်မင်းခမှာအနောက်ခန်းတွင်လွတ်လွတ်လပ်လပ်ရှိနေရ၏။

မိုး၏သတင်းပေးမှုကြောင့် အကြောင်းစုံကိုသိနှင့်နေပြီးသောယဉ်နွဲ့က စစ်မင်းခကိုတစ်လမ်းလုံးအင်တာဗျူးလာရင်း သုံးယောက်သားတစ်ယောက်တစ်ပေါက်နှင့်ဆူညံနေပါတော့သည်။ စစ်မင်းခပြောရသည်က ခပ်နည်းနည်း၊ ဘယ်တုန်းကတည်းကပြောချင်နေမှန်းမသိသောမိုးရဲ့ စေ့စေ့ပေါက်ပေါက်ပြောပြနေတဲ့စကားတွေကြောင့် စစ်မင်းခမျက်နှာပြင်မှာရဲရဲနီနေရပါတော့သည်။

"အဲ့ဒီလောက်တောင်လား မိုးရယ်"

"အေးဆို၊ နင်တို့လည်းမြင်ရင်သိမှာပါ။ တို့​တွေရဲ့ခခအပေါ်မှာ ညီမင်းသွင်တစ်ယောက်ဘယ်လောက်တောင်ကြွေကျ မြေခနေရရှာနေတာကိုပေါ့။ ငါလေ...အတွဲတွေအများကြီး မြင်ဖူးခဲ့ပါတယ်ဟယ်၊ သူ့ငချိတ်ပေါင်းသဲချက်ကတော့ ပြောလို့တောင်မကုန်နိုင်ပါဘူး။ တွန့်တိုလိုက်တာလည်းတအားပဲ။ သူနဲ့တွေရင် နင်တို့ကြည့်ကျက်သာနေကြ"

"ဪ...ဒါကြောင့် အခုတောင်ငူကိုတစ်ညအိပ်ကလေးအလည်လာတာကို နှုတ်ပိတ်လာရတာပေါ့ဟုတ်လား ခခ"

အရှေ့ခန်းကနေလှည့်မေးလာပြန်တော့ ညီ့အပေါ်အထင်မလွဲစေချင်ပြန်ပါ။

"ညီက တမင်ချုပ်ချယ်တာမျိုးလည်းမဟုတ်ပါဘူးဟာ။ ငါတို့က ၂ နှစ်လောက်ဝေးသွား​ကြသေးတယ်လေ၊ ပြီးတော့ ငါ့ဆန္ဒကိုလိုက်​လျော​ပြီး ဖြူးမှာလည်းအလုပ်ပေးဝင်လိုက်ရသေးတယ်ဆိုတော့ တစ်ခါတစ်လေနည်းနည်းဂျစ်ကျတတ်တာမျိုးပါဟာ။ အခုလည်း သွားတာကိုသိရင်နည်းနည်းကလေးရစ်မှာကလွဲပြီး မသွားနဲ့လို့တော့မပြောပါဘူး ငါသိတာပေါ့။ ဒါပေမဲ့ အဝေးမှာရှိ​နေတုန်းစိတ်မကောင်းမဖြစ်စေချင်လို့ မပြောခဲ့တာမျိုးပါ။ သူက မနက်ဖြန်နေ့လည်လောက်မှ ဖြူးကိုရောက်လာမှာလေ။ တွန့်တိုတာကတော့ မိုးပြောသလိုပါပဲယဉ်နွဲ့ရာ၊ ကျားကျားမမ အကုန်ပတ်တိုနေတော့တာပါပဲ။ ဒါနဲ့မိုး...နင်ငါ့ကို အချိန်မီတော့ပြန်လိုက်ပို့ပေးနော်"

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now