Part 69 (Z)

1.4K 99 47
                                    

Sitt Minn Kha

ဖေဖေနေမကောင်းဘူးဆိုသည့်သတင်းကြားလိုက်ရတော့ မှော်ဘီကိုမပြန်မဖြစ်ပြန်ခဲ့ရ၏။ ရောက်တော့လည်းအခြေအနေကမြင်ရတာမသက်မသာရှိနေတော့ ရန်ကုန်တွင်စစ်ဆေး​ကြည့်ရန်အတွက်မောင်နှမနှစ်ဦးအလုပ်များရပါတော့သည်။

ဝန်ထမ်းဘဝကအစားအသောက်အချိန်မမှန်ခဲ့တဲ့ဖေဖေတစ်ယောက်အသက်ကြီးကာမှအစာအိမ်နာရောဂါဖြစ်လာခဲ့ရ၏။ အစာအိမ်နှင့်အူလမ်းကြောင်းတွင်အနာဖြစ်နေတာကိုသိလိုက်ချိန်လူလည်းပူထူသွားရပါတော့သည်။

အသိမြန်လို့စိုးရိမ်ရသည့်အနေအထားကိုမရောက်လိုက်သော်လည်း တစ်လအတွင်းကိုယ်အလေးချိန်လျော့ကျသွားသည့်ဖခင်ကြီးကိုကြည့်ပြီး ညီမလေးမှာငိုရှိုက်လို့မဆုံးနိုင်တော့ပါ။

အသိနှင့်သတိမြဲလှသောဖခင်ကြီးကတော့ ခန္ဓာရှိလို့ဝေဒနာရှိတာဘာများထူးဆန်းလို့လဲဆိုသည့်စကားနှင့်တည်ငြိမ်အေးဆေးလွန်းလှပါသည်။

မဟာမြိုင်အထူးကုဆေးရုံတွင်တစ်ပတ်ခန့်ကြာအောင်ကုသနေစဉ် အန်ကယ်ဦးကျော်ကျော်မင်းကိုယ်တိုင်လာကြည့်ပြီးလိုလေသေးမရှိကူညီချင်ခဲ့ပေမယ့် ဆေးရုံလာကြည့်သည့်ဓာတ်စာကလွဲလို့ဖေဖေကကျန်​သောအကူအညီတွေကိုလက်မခံခဲ့ပါ။

သူငယ်ချင်းနှစ်ဦးအေးအေးဆေးဆေးစကားပြောချင်ပါတယ်ဆိုလာပြန်တော့ ကျွန်တော်တို့မောင်နှမနှစ်ဦးမှာအခန်းအပြင်ရှောင်ထွက်ပေးခဲ့ရပြန်၏။

ကျွန်တော်မရှိတဲ့အချိန်တွင်ညီကတော့ဖေဖေ့ကိုတစ်ခေါက်လာကြည့်သွားပါတယ်တဲ့။ ဖေဖေကလည်းကြည်ကြည်သာသာနှင့်ကောင်းကောင်းမွန်မွန်စကားပြန်ပြောတယ်ဆိုတာကို​ပြန်သိရမှစိတ်အေးရပါတော့သည်။ သက်သာသည်နှင့်အိမ်ပြန်မယ်ပြောနေတဲ့ဖေဖေ့ကြောင့် လိုအပ်တဲ့ဆေးဝါးတွေကို ၂ လစာဝယ်ခဲ့ပြီးမှမှော်ဘီကိုပြန်သွားကြ၏။

ဖေဖေဆေးရုံကဆင်းသွားမှကျွန်တော်လည်းတိုက်ခန်းပြန်လာချိန် ညီကအမိုးရွာကိုသွားရန်အကြောင်းပေါ်လာခဲ့၏။ လိုက်ခဲ့ရန်တဂျီဂျီခေါ်ပါသော်လည်းအခြေအနေအရလိုက်သွားဖို့လည်းအဆင်မပြေခဲ့ပါ။

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now