စာအုပ်ပုံကြားခေါင်းစိုက်ပြီးအသည်းအသန်ကျက်မှတ်နေသောစစ်မင်းခကို မိုးကမျက်စောင်းခဲကာငေါ့ပြော၏။
"ငါတို့ကအသည်းအသန်စာကျက်နေရတာထားပါတော့၊ နင်ကနည်းနည်းလွန်တယ်မထင်ဘူးလား။ နင့်လောက်စာရတာလည်းနင်ပဲ နင့်လောက်ပျာယာခတ်နေတာလည်းနင်ပဲ"
ကျက်ထားတာတွေကို Note ထုတ်ကာ တကုတ်ကုတ်ဖြစ်နေရင်းပြန်ပြောပြမနေတော့ပါ။ အရင်က Guide ကလေးတွေမရှိလို့ စာကျက်ချိန်လုံလုံလောက်လောက်ရှိခဲ့ပေမဲ့ Dental လေးကိုလိုတာထက်ပိုပေးခဲ့မိသောအချိန်တွေကြောင့် စာတွေကထင်သလောက်မရနိုင်။
ဖင်နားကပ်မှတွန်းကျက်နေရင်း အချေကောင်လေးဖြေရောဖြေနိုင်ရဲ့လားတွေးပူမိပြန်သည်။ ပြန်မေးကြည့်သလောက်တော့ ကျေနပ်လောက်စရာအခြေအနေဖြစ်နေလို့ဖြေနိုင်မှာပါလေ။
နောက်နှစ်ဘာသာဖြေပြီးလျှင် First Test ပြီးလို့ ကျောင်းလည်းတစ်လပိတ်တော့မည်။ မှော်ဘီကိုလိုက်ပို့ချင်ပါတယ်ပြောလာသူကို အင်းမလုပ်အဲမလုပ်နှင့်အဖြေပြန်မပေးရသေး။ ဘယ်လိုကြောင့်များတောရွာလေးကိုဓာတ်ကျနေသလဲမသိ။ စာမေးပွဲရက်အတွင်းသင်ကြားခြင်းတွေရပ်နားထားရလို့ မတွေ့ရတာ ၅ ရက်ခန့်ရှိနေခဲ့ပြီ။
"အမလေးလေး၊ စာတွေစာတွေ ကျက်သမျှဘယ်တွေပြေးကုန်လည်းမသိတော့ပါဘူး။ ငါ့ခေါင်းထဲဘာမှမရှိတော့သလိုဘဲ။ ထောင်ထောင်မောင်းမောင်းအားကိုးချင်စရာကောင်းတဲ့ အကိုကြီးတစ်ယောက်လောက်လာရှင်းပြမှဖြစ်တော့မယ်"
ဘေးနားကနေဟာသဖောက်ပြီး ပေါက်တတ်ကရတွေအော်နေသောမိုးကြောင့် ဘောပင်ကိုလက်ကချ၊ ဇက်ကိုတစ်ချက်နှစ်ချက်ချိုးအညောင်းဖြေလိုက်ပြီးမှ တတောင်နှင့်လှမ်းတွတ်လိုက်ရင်းစနောက်လိုက်မိတာကအမှားဖြစ်သွား၏။
"ထောင်ထောင်အောင်းမောင်းနဲ့ မောင်လေးတစ်ယောက်ဆိုရင်ရော ဟင် မိုး"
"အမယ် ငါကမေ့တောင်မေ့နေတာကို နင်ကအစလာဖော်နေတယ်ပေါ့။ ငါမအားလို့ဘာမှမပြောရသေးတာနော်၊ မေးစမ်းပါဦးမယ် ဟိုတစ်နေ့ကမှထားနဲ့ဖုန်းပြောရင်းသိလိုက်ရတာ၊ နင်ကသူ့တိုက်ခန်းမှာစာသွားသင်ပေးရတာဆို၊ ဘယ်လိုလဲ နှစ်ကိုယ်တူတိုင်းပြည်လေးကအေးချမ်းသာယာရဲ့လား"
YOU ARE READING
ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤