Part 75 (Z)

2.7K 146 43
                                    

Nyi Minn Thwin

လူကစိတ်တိုနေပါတယ်ဆိုမှကားတွေကပြဿနာပေါ်နေပြန်၏။ လစ်လျှင်လစ်သလိုသတ်မှတ်ထားသောကုန်အလေးချိန်ထက် ဝန်ပိုတင်ချင်သောကားဆရာတွေကြောင့်ခေါင်းတွေလည်းနောက်ရ၏။

ထိုသို့သောအသေးအဖွဲကလေးတွေကိုတောင်မလိုက်နာချင်သည့်ကားဆရာတွေကိုလည်းစွတ်ပြီးလည်းမပြောချင်ပါ။

အမှန်တော့ကုန်လာတင်သော Customer တွေကိုက တင်လို့မရ​တော့ပါဘူးပြောတာကိုနောက်ကားအထွက်ကိုမစောင့်နိုင်ဘဲ သူတို့ပစ္စည်းကိုဇွတ်တင်ချင်တာမျိုးလည်းဖြစ်နေတတ်တော့ သက်ဆိုင်ရာမန်နေဂျာတွေကိုပဲတင်းတင်းကျပ်ကျပ်မှာထားခဲ့ရ၏။

ကုန်တင်ကား ၃ စီးနှင့် ခရီးသည်စီး Express ကား ၂ စီးရှိနေတော့ပြဿနာတွေကလည်းပေါများလွန်းလှ၏။

ကားမထွက်ခင်သေသေချာချာမစစ်ဆေးခြင်းတွေကြောင့်လည်းလမ်းတွင်ပျက်ပြန်ပါကကုန်တင်ကားဆိုလျှင်ပစ္စည်းရောက်ချိန်တွေလွဲချော်တတ်သလို ခရီးသည်ကားဆိုလျှင်လည်းရန်ကုန်အဝင်နှောင့်နှေးတတ်ခြင်းကြောင့် ဧည့်သည်များ၏ငြူစူခြင်းကိုလည်းခံရတတ်၏။

ဒီကြားထဲခုံအပြည့်သာလူတင်ခိုင်းခြင်းကို ကြားတွင်လူတင်ပြီးဘေးပေါက်ရှာတတ်သောကားသမားနှင့်စပယ်ယာတွေကြောင့်ခရီးသည်တွေအနေနှင့်လည်းစိတ်အနှောက်အယှက်ဖြစ်ရတတ်၏။

တစ်နေ့တစ်နေ့မရိုးနိုင်သောပြဿနာပေါင်းစုံကြားစိတ်ကိုအတတ်နိုင်ဆုံးဆွဲဆန့်လို့သာနေခဲ့ရသည့်နောက်တွင် လူလည်းခန္ဓီပါရမီတွေအတော်ပြည့်ဝလာခဲ့ရပါတော့သည်။

မနက် ၆ နာရီကတည်းကဖျာပုံရှိကားဝန်းထဲကိုရောက်နေရပြီး လိုအပ်သောစစ်ဆေးခြင်းတွေပြုခဲ့ပြီးမှနေ့လည်စာကိုနီးရာစားသောက်ဆိုင်တစ်ဆိုင်တွင်မန်နေဂျာနှင့်အတူစားသောက်ပြီးခဏအကြာရွာကိုပြန်လာခဲ့၏။

ဆိုင်ကယ်မောင်းကိုခပ်မြန်မြန်မောင်းနှင်နေရင်းမနေ့ကဆရာဝန်ပြောသွားသောစကားကိုအမှတ်ရလိုက်၏။ သူ့ဖခင်ကျန်းမာရေးမကောင်းဖြစ်နေလို့ဖျာပုံကိုတစ်ပတ်ဆယ်ရက်လောက်ပြန်ရပါဦးမည်တဲ့။

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now