Part 13 (Z)

2.7K 169 23
                                    

မာလကာခြံထဲတွင်တစ်မနက်လုံးအချိန်ကုန်နေခဲ့ပြီးနောက် ညနေနေအေးမှသားအဖနှစ်ဦးအိမ်ပြန်လာချိန် ညနေစာအတွက်ချက်ပြုတ်နေသောညီမလေးက မီးဖိုချောင်ထဲမှခေါင်း​လေးပြူထွက်လာလို့စကားနာထိုးပါ၏။

"ကိုကိုတို့များထွက်သွားလိုက်တာ အိမ်မှာညီမလေးတစ်ယောက်ထဲကျန်နေခဲ့တာကိုသတိတောင်မရ​တော့ဘူး။ ခဏလိုက်သွားမယ်ဆိုပြီးပြန်ကိုပေါ်မလာ"

ဖေဖေကတော့မောင်နှမနှစ်ဦးကိုတစ်ချက်သာကြည့်ပြီးအခန်းထဲဝင်ကာသွား၏။ ကျွန်​တော့်ကိုအိမ်မှာနေခဲ့ဖို့ပြောပေမယ့် ရောက်တုန်းရောက်ခိုက်ဖေဖေနှင့်လိုက်ကူခဲ့​ခြင်းပါ။ နွေရာသီတွင်ရေရှားပါးလာပြီဖြစ်သောကြောင့် အပင်များရေလုံလုံလောက်လောက်ရရှိရန်အတွက်ယနေ့တွင်အဝီစိတွင်းအသစ်ထပ်တူးခြင်း၊ တွင်းဟောင်းများကိုပြန်လည်ပြုပြင်ရန်လိုအပ်နေသောကြောင့် ခြံထဲတွင်အလုပ်များနေခဲ့ရခြင်းဖြစ်၏။ တစ်ဧကနီးပါးကျယ်ဝန်း​သောခြံအတွက်ရေပိုက်လိုင်းများကိုလည်းထပ်တိုးပြင်ဆင်ရပြန်တော့ သားအဖနှစ်ဦး​ခြံထဲတွင်တစ်နေကုန်နီးပါးဖြစ်သွားခဲ့ရ၏။ နေ့လယ်စာကိုခြံထဲအထိလိုက်ပို့ပေးခဲ့ရခြင်းကြောင့် ညီမလေးမျက်နှာကသိပ်အလိုမကျချင်​ပေ။ ကျွန်တော်ပြန်လာသည့်
ရက်ကလေး၌မိသားစုအိမ်တွင်နားနားနေနေ နေစေ့ချင်ရှာတဲ့ညီမလေးကစိတ်မဆိုးသည့်တိုင် အခုလိုစကားနာလေးထိုးလိုက်ရမှနေသာတတ်၏။

"ဒီတစ်ရက်ထဲပါငယ်လေးရာ၊ ကိုကိုရောက်တုန်းခြံထဲမှာအလုပ်တွေပေါ်လာတော့လည်းသွားကူရတာပေါ့။ ကဲ​ပြော ကိုကို့ကိုဘာတွေပူစာချင်လို့လဲ၊ ဒီတစ်ညလုံးလည်းရှိနေမှာပဲဟာကိုကွာ"

"ပူစာဖို့ပြောနေတာမဟုတ်ပါဘူး။ အိမ်မှာတစ်ယောက်ထဲနေခဲ့ရတော့ပျင်းတာပေါ့လို့၊ အလုပ်သမားတွေကိုခိုင်းစရာရှိတာ​တွေခိုင်း​ပြီးထားခဲ့လို့လည်းဖြစ်တာကို။ တစ်ရက်က​လေး​အိမ်ပြန်လာတာတ​နေကုန်​ခြံထဲသွား​နေ​တော့ကိုကိုပင်ပန်းတာပေါ့။ ဖေဖေ့ကိုလည်းဒီတစ်ရက်လေးနားလိုက်ပါလားဆိုတာကိုနားမထောင်ကြဘူး။ နေ့ခင်းနေကြီးကလည်းပူလိုက်တာတအား၊ ရော့ ဒီမှာညီမလေးသံပုရာရည်ဖျော်ထားတယ် အရင်သောက်လိုက်ဦး။ ခဏနေမှရေချိုးနော်၊ ဖေဖေရေ သံပုရာရည်လေးလာသောက်ပါဦး"

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now