Part 44 (U)

7.8K 848 416
                                    

နေမထိထိုင်မသာ​ဖြစ်​​​နေ​သောခန္ဓာကိုယ်ကို အိပ်ယာပေါ်တစ်ပတ်လှိမ့်လိုက်မိသည်။ ၁၀ နာရီမှာစာသွားသင်ရန်သာရှိသည်ကိုအမှတ်တရမိချိန်တွင် မျက်လုံးကို​​ပြန်မှိတ်ထားလိုက်မိ၏။ မနက်စာအတွက်တော့ဖြစ်သလိုပေါ့။ လေးလံနေသောမျက်ခွံကိုအလိုလိုက်ရင်း အိပ်စက်ခြင်းဆီပြန်လည်တိုးဝင်လိုက်မိပြန်သည်။
.
.
.
.

ယားကျိကျိနှင့်မျက်နှာပေါ်ထိကပ်လာသည့်နွေးထွေးသောအထိအတွေ့လေးကြောင့် မျက်လုံးကိုအားယူဖွင့်ကြည့်မိစဉ်နီးကပ်နေသောမျက်နှာတစ်ခုကိုအမြင် မျက်လုံးဝိုင်းသွား၏။

"မနိုးသေးလို့လာဝင်ကြည့်တာ၊ နိုးပြီလား"

"အင်း"

ခုနနမ်းလိုက်တာသူမဟုတ်သလို ခပ်တည်တည်မျက်နှာ​ပေးနှင့်မေးလာသူကြောင့် တစ်ဖက်လှည့်ကာဖက်လုံးကိုခွဖက်လိုက်ရင်းမျက်လုံးပြန်မှိတ်ထားလိုက်မိသည်။

"အိပ်ချင်နေသေးရင်ပြန်အိပ်လိုက်လေ၊ ခုမှ ၈ နာရီပဲရှိသေးတာ စာသွားသင်ရမှာက ၁၀ နာရီမှမဟုတ်လား။ အိပ်အိပ်၊ ကိုယ်အပြင်ထွက်ပြီးမနက်စာသွားဝယ်မလို့၊ Dim Sam ပဲဝယ်လိုက်မယ်နော်"

"အင်း"

ထွက်သွားသောခြေသံနှင့်တံခါးပိတ်သံကြားလိုက်မှ လှည့်ကြည့်လိုက်မိ၏။ အခန်းတံခါးကိုလော့ချလိုက်ရင်းနားစွင့်လိုက်မိချိန် သံပန်းတံခါးပိတ်သံနှင့်တံခါးမကြီးပိတ်သံကိုဆက်တိုက်ကြားလိုက်မှစိတ်ချလက်ချပြန်လှည့်လာစဉ် ဝတ်ထား​သောအဝတ်အစားတို့ကြောင့်မျက်လုံးတွေပြူးကျယ်သွား၏။

အခြေအနေကိုသုံးသပ်ကြည့်လိုက်ရုံနှင့် ညီမင်းသွင်လဲပေးထားတယ်ဆိုတာကိုသိလိုက်ပါတော့သည်။ ညကအကြောင်းတွေကိုပြန်စဉ်းစား​ကြည့်မိတော့လည်း ကားပေါ်ရောက်သည့်အထိသာမှတ်မိတော့သည်။ 

ကိုယ်မသိလိုက်တဲ့အချိန်မှာလဲပေးထားတာကို ထူးပြီးလည်းရှက်မနေချင်တော့ပါ။ ရေချိုးခန်းထဲဝင်ပြီးရေအေးနှင့်ချိုးချလိုက်မှ လူကလန်းဆန်းသွား၏။ စိတ်ထဲထင်နေသည့်အတိုင်း ဟန်နီဆို​သောကောင်မလေးက Dagon Center တွင်မီးခြစ်လိုက်ဝယ်ပေးခဲ့ဖူးသောကောင်မ​လေးမှန်း Hotelရောက်မှသိလိုက်ရသည်။

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now