Part 63 (Z)

1.7K 121 25
                                    

Shin Minn Kha

လပြည့်လကွယ်ဥပုတ်နေ့ဖြစ်သောကြောင့်ရှင်မင်းခတို့လင်မယားဈေးပိတ်သောနေ့ဖြစ်၏။ နေ့လည်စာကိုဖေဖေနှင့်အတူစားသောက်ပြီးချိန် ကိုယ့်အိမ်ရှိရာပြန်ကူးလာပြီးရှင်မင်းခကအဝတ်တွေကိုမီးပူထိုးနေစဉ် ခင်ပွန်းဖြစ်သူကိုဇော်မြင့်ဦးမှာတော့ခပ်လှမ်းလှမ်းတွင်စာထိုင်ဖတ်နေ၏။

အသက် ၁၀နှစ်ကွာသောခင်ပွန်းဖြစ်သူမှာအနေလည်းအေးသလိုစာဖတ်လည်းဝါသနာပါသူဖြစ်၍ အချိန်အားလျှင်စာအုပ်တစ်အုပ်ကတော့ဖတ်နေတတ်၏။

မီးပူထိုးနေရင်းရှင်မင်းခအတွေးတို့ကလည်းရန်ကုန်တွင်ရှိနေသောအစ်ကိုဖြစ်သူဆီရောက်ရ၏။ လွန်ခဲ့သော ၂ ရက်ကကိုကိုဘွဲ့ယူခဲ့သည်။ ရှင်မင်းခတို့လင်မယားနှင့်ဖေဖေပါရန်ကုန်ကိုသွားပြီးဘွဲ့ယူသည့်အခမ်းအနားကိုတက်ရောက်ခဲ့ခြင်းတွင် မဖြစ်လို့သာတက်ရောက်ခဲ့ရသည့်ဖေဖေမျက်နှာကလည်းမကြည်သာခဲ့သလို ကိုကို့မျက်နှာမှာမရွှင်လန်းနိုင်ခဲ့ပါ။

ကိုညီကတော့တိုက်တိုက်ဆိုင်ဆိုင်အန်ကယ့်ကိုအိန္ဒိယတွင်ဆေးသွားကုခြင်းအတွက်လိုက်ပါသွားခဲ့ရတော့ ဘွဲ့ယူသည့်အချိန်တွင်မရှိခဲ့ပါ။ စိတ်မရွှင်လန်းစွာနှင့်ပွဲပြီးပြီးချင်းမှော်ဘီကိုပြန်လာခဲ့ပါသော်လည်းကိုကိုကတော့ပြန်လိုက်မလာခဲ့ပါ။

ဖေဖေခေါ်သော်လည်းအကြောင်းအမျိုးမျိုးပြပြီးချန်နေဖြစ်အောင်ချန်နေခဲ့ခြင်းမှာ ကိုညီကိုကတိပေးထားခြင်းကြောင့်ဆိုတာကိုငယ်လေးကတော့သိနှင့်နေခဲ့ပါ၏။

စိတ်ပျက်စရာနေ့ရက်တို့ကဘယ်တော့များမှပြီးဆုံးနိုင်မလည်းအတွေးနှင့်နေရထိုင်ရတာလည်းမသက်သာလှပါ။ တကယ်ဆိုလျှင်လူကြီးတွေအပြစ်လည်းမဆိုနိုင်သလို ကိုကိုတို့နှစ်ယောက်ကိုလည်းငယ်လေးကအပြစ်လို့လည်းမမြင်မိခဲ့ပါဘူး။

ကိုကို့ရဲ့စိတ်ရင်းအမှန်ကိုသိခဲ့ပြီးသားဖြစ်တဲ့ငယ်လေးအတွက် ဒီဖြစ်ရပ်ဟာထူးပြီးလည်းစိတ်ညစ်စရာလို့မမြင်ခဲ့နိုင်တာလည်းအမှန်ပါပဲ။ တစ်ဖက်လူကကိုညီဖြစ်နေတော့ပိုလို့တောင်အပြစ်မပြော
ရက်ခဲ့ပါ။

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now