Part 25 (U)

7.5K 923 330
                                    

တစ်ပတ်စာဈေးဝယ်ချင်ပါတယ်ပြောလာသောအမိုးကြောင့် ရန်ကင်းဈေးကိုထွက်လာခဲ့ကြ၏။ ခုတလောကျောင်းကိစ္စ၊ နှလုံးသားရေးကိစ္စတွေကြောင့် အမိုးနားတောင်သိပ်မကပ်ဖြစ်ခဲ့ချေ။ လကုန်ရက်ပြန်ရောက်မယ်လို့ပြောခဲ့​တဲ့ဒယ်ဒီကလည်းပြန်ရောက်မလာခဲ့ပေ။

အိမ်အတွက်လိုအပ်နေသော တစ်လစာအခြေခံပစ္စည်းတွေဝယ်ရန်အတွက်လိုလာချိန် အမိုးနဲ့အကူမိန်းကလေးတစ်ယောက်ကိုကားပေါ်တင်ကာ ရန်ကင်းဈေးနဲ့အမိုးဝယ်နေကျပွဲရုံတွေရှိရာဆီထွက်လာခဲ့သည်။

"ခုတလောနေလို့ရောကောင်းရဲ့လား"

ပြီးခဲ့တဲ့လကညနေပိုင်းအချိန်သွေးတွေတိုးပြီး ခေါင်းမထူနိုင်တဲ့အမိုးကြောင့်ဆေးခန်းပို့ပေးခဲ့ပြီးသည့်နောက် ထပ်မဖြစ်တော့ပေမဲ့ အသက်ကလည်းရစပြုတဲ့အရွယ်ဖြစ်နေတော့ ဂရုတစိုက်ရှိပေးရမှာကိုပေါ့လျော့နေမိတတ်သည်။

ဖြစ်လာတိုင်းလည်းလူကိုအသိမပေး၊ ဆေးမြီးတိုတွေနဲ့ကျိတ်ကုတတ်သောအမိုးကြောင့် ကောင်မလေးတွေကိုတစ်ခုခုဖြစ်လာရင်ငါ့ကိုချက်ချင်းအသိပေးလို့မှာထားရသေးတယ်။

"ကောင်းပါတယ်ဖိုးခွားရဲ့၊ ဘာဖြစ်လို့မေးတာလဲ"

"ဟိုတစ်ခါဆေးစစ်တုန်းက အမိုးမှာသွေးတိုးရှိနေတယ်ဆိုတာကိုသိတယ်နော်။ သွေးတက်စာတွေလည်းမစားနဲ့တော့နော်"

"အမိုးကိုငါးပိမစားခိုင်းတာသေခိုင်းလိုက်တာနဲ့အတူတူပဲ"

"ကြည့် မဟုတ်တာကစပြောပြီ။ တစ်သက်လုံးစားလာခဲ့ပြီးသားလေဗျာ၊ ဒီအသက်အရွယ်မှာကျန်းမာရေးကြောင့်​ရှောင်ရတော့လည်း ဘာဖြစ်သွားနိုင်လို့လဲ။ ဥစ္စာကိုကံစောင့်တယ်အသက်ကိုဉာဏ်စောင့်တယ်လို့အမိုးပဲပြောခဲ့တာလေ။ ဘာလဲအမိုးက Do as I say, don't as I do လား"

"ကျုပ်ကိုဘိုလိုတွေလာမပြောနဲ့၊ နားမလည်ဘူး"

"ဟုတ်သား၊ မြန်မာလိုဆိုရင် အဲ...'ငါပြောသလိုလုပ်ငါလုပ်သလိုလိုက်မလုပ်နဲ့' ဆိုသလိုပေါ့ဗျာ။ သားကိုကျဆိုဆုံးမနေပြီး အမိုးကျတော့အမိုးစကားကိုမလိုက်နာတာကောင်းသလား"

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now