(ဧရာဝတီတိုင်းနဲ့ပက်သက်လို့ညီမလေးသဲသဲကနေတစ်ဆင့်မေးမြန်းထားတာတွေပါ၊ ကွဲလွဲတာများရှိခဲ့ရင်လေ့လာမှုညံဖျင်းခဲ့တဲ့ကိုယ့်အပြစ်ပါနော်။ လိုအပ်တာ လွဲနေတာရှိရင်လည်းလာပြောပါနော်၊ ကိုယ်ပြင်ချင်လို့ပါ။
ကဲ ပျင်းနေမှာစိုးလို့ဇာတ်လမ်းတွေကြားရီဒါတွေချစ်တဲ့ သာလိကာနဲ့ယုန်ကလေးအကြောင်းကိုကြားညှပ်ထည့်ပေးထားပါတယ်၊ ကိုယ့်စိတ်ကရေးချင်တာတွေများပေမယ့်ကိုယ့်ဦးနှောက်နဲ့ကိုယ့်မျက်လုံးကသိပ်မလိုက်နိုင်ဘူးဖြစ်နေတယ်၊ အမှန်တော့ကိုယ်ကအာရုံကြောသိပ်မကောင်းဘူး၊ တစ်အားအာရုံစိုက်တာများသွားရင် ဖုန်းအသုံးများရင်ခေါင်းတွေတအားကိုက်ပါတယ်၊ အဲ့တော့နားနားပြီးရေးနေရပါတယ်၊ နေကောင်းရင်တော့တစ်နေ့တစ်ပိုင်းဟာခဏကလေးပါ။
ကိုယ့် Fic ဟာအစအဆုံး Plot အကြမ်းချထားပြီးသားမို့ဘာပြီးရင်ဘာဆိုတာခေါင်းထဲရှိပေမယ့် အပေါ်ကရေးပြထားတဲ့အခြေအနေလေးတွေကြောင့် ကြားထဲနားနားပြီးရေးနေရတာမျိုးပါ။ ကိုယ်နေ့တိုင်းတင်ပေးချင်တာပေါ့၊ ရီဒါလေးတွေပျော်ရင်ကိုယ်လည်းပျော်တာပေါ့၊ တစ်ပိုင်းတင်ပြီးတိုင်းမန့်လေးတွေကြည့်ပြီးပျော်ရပါတယ်၊ Reply တွေကိုလည်းဂရုစိုက်ပြီးပြန်ပေးနေပါတယ်၊ ကိုယ်မျက်စိသျှမ်းပြီးကျော်သွားတာမျိုးရှိခဲ့ရင်အဲ့တာမပြန်တာမဟုတ် ကိုယ်မတွေ့သေးလို့ပါလို့မှတ်ထားပေးနော်။ ကိုယ့် Fic ကိုလာဖတ်တဲ့ရီဒါတွေအားလုံးကိုချစ်ပါတယ်လို့၊ ကျေးဇူးလည်းတင်ပါတယ်လို့
LOVE U ALL
*************************************
ဧရာဝတီတိုင်း
ဖျာပုံမြို့နယ်
ဘုန်းကြီးသောင်ရွာ။အမိုးဆိုင်အတွက်လိုအပ်သောပစ္စည်းများကိုဝယ်ယူပြီးသည့်နောက် ဖျာပုံမြို့တွင်းကနေထွက်လာခဲ့ကြသည်။ ကျုံကဒွန်း (တာဂွ) လမ်းခွဲကနေဝင်လာသည့်လမ်းတစ်လျှောက် ဘေးဘီဝဲယာတွင်လယ်ကွင်းစိမ်းစိမ်းတွေက ဘယ်နေရာကြည့်ကြည့်မြင်ကွင်းထဲကမလွတ်နိုင်အောင်ရှိနေ၏။
ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာပြည်၏ဆန်စပါးအဓိကထွက်ရှိရာဒေသဖြစ်သည်နှင့်အညီ စပါးစိုက်ပျိုးသောလယ်ကွင်းယာခင်းတွေကလက်ညှိုးထိုးမလွဲ။ ကျုံကဒွန်းလမ်းခွဲကနေ အမိုးနေထိုင်ရာဘုန်းကြီးသောင်ရွာကိုသွားသည့်လမ်းကိုချိုးကွေ့ဝင်လိုက်သည်နှင့် ပြတင်းပေါက်အထက်နားကလက်ကိုင်ကွင်းကိုလှမ်းကိုင်ထားလိုက်မိသည့်ကျွန်တော့်ကိုအမြင် ကားမောင်းနေရင်းမှကိုအောင်သောင်းကရယ်ပါတော့သည်။
YOU ARE READING
ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤