Part 6 (Z)

3.2K 209 32
                                    

အိမ်ရှေ့ပေါ်တီကိုအောက်ကားကိုရပ်လိုက်စဉ် ဝတ္တရားမပျက်မကွက်အပြေးလာကြို​နေတဲ့ Ten Tenကိုအ​တွေ့ ကောက်ချီကာနမ်းရှိုက်လိုက်မိ၏။ အိမ်ထဲသို့ဝင်ရန်ခြေလှမ်း​ပြင်လိုက်ချိန် ကိုယ်ပေါ်ကအတင်းပြန်​လျောဆင်းကာ အိမ်​ခေါင်းရင်ဘက်ဆီပြေးသွားပြီး တစ်ချက်ထိုးဟောင်​ပြ​နေသောကြောင့်

"တန်းတန်းကဆော့ချင်နေတာလား၊ မမရေချိုးရဦးမယ်လေ၊ ဒီနေ့တော့ဆော့မပေးနိုင်တော့ဘူးနော်"

လူစကားကိုနားလည်သည့်အလား ဝုတ်သံတစ်ချက်ပေးပြီးပြန်တော့မလာပါ။ တစ်ဖက်ကိုခေါင်းလှည့်​ပြရင်းအမြီးလှုပ်ခါ​ပြနေတော့ တန်းတန်းဆီသာသွားရပါတော့သည်။ အနားနီးလာမှစက္ကူပန်းရုံအောက်ဒန်းပေါ်တွင် ခြေပစ်လက်ပစ်ထိုင်ကာစီးကရက်သောက်နေသောမင်းသွင်ကို တွေ့လိုက်ရပါ၏။

အနားကပ်မိချိန်တွင် ဆေးလိပ်နံ့တို့ကမွှန်ထူနေသလိုမြက်ခင်းပြင်ပေါ်တွင်လည်းစီးကရက်ဖင်ဆီခံတို့က မနည်းမနောပွစာကျဲနေ၏။

"အမလေးတော်၊ သူများခြံထဲလာပြီးဖြစ်ချင်တိုင်းဖြစ်နေပါလား။ နင့်ယောက္ခမအိမ်များမှတ်နေလား ဟမ်"

ပါးစပ်ကလည်းပြောရင်းလက်ကလည်းစီးကရက်တိုတွေကိုလိုက်စုကောက်ရင်းမှ

"ရောက်နေရင်လည်းငါ့ကလေးလေးနဲ့ဆော့ပေးနေမယ်မရှိဘူး၊ ကလေးကပျင်းလို့သူ့နားမှာကစားချင်နေရှာတာသနားစရာလေး၊ ငါလာတာမြင်မှလာကြိုပြီးနင်ရောက်နေတယ်ဆီးပြောတယ်၊ ကလေးလောက်တောင်အလိုက်မသိဘူး"

ပွစိပွစိပြောနေသော်လည်း စကားကပြန်မလာ။ ဘေးတွင်ဝင်ထိုင်လိုက်ရင်းအကဲခတ်မိတော့ ရွဲပြဲနေတဲ့အသွင်အပြင်ကိုမြင်လိုက်မှ

"ဟဲ့.. အဲ့ဒါဘာဖြစ်နေပြန်တာလဲ၊ နင့်ကြည့်ရတာစိတ်ညစ်စရာမင်းသွင်ရယ်၊ ငါ့ဘာသာစာတွေနဲ့လုံးချာလည်လိုက်နေလို့မတွေ့ရတဲ့အချိန်ဘယ်လိုတွေဖြစ်နေတာလဲ။ နင်ကျောင်းရောမှန်မှန်တက်ရဲ့လား။ အရင်နှစ်ကလိုလစ်ပဲလစ်မနေနဲ့ဦးနော်။ ငါတို့လိုပဲစာတွေများလာပြီနဟုတ်လား။ သီရိတောင်ငြီးလိုက်တာတအားပါပဲ"

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now