Part 2 (U)

15.8K 1.3K 168
                                    

ခမ်းနားထည်ဝါလှပေသော်ငြား တိတ်ဆိတ်ခြင်းတို့မင်းမူနေပါ​သော နှစ်ထပ်တိုက်ကျယ်ကြီးထဲဝင်လာခဲ့ရင်း ဧည်ခန်းထဲကဆိုဖာပေါ်ခြေပစ်လက်ပစ်ဝင်ထိုင်လိုက်ချိန် နွေးထွေးခြင်းကင်းမဲ့၍ အထီးကျန်​သောခံစားချက်တို့ကရင်ဝယ်ချဥ်းနင်းဝင်ရောက်လို့လာ၏။

မိသားစုဆိုတဲ့နွေးထွေးမှု့ကဘယ်မှာလဲ။ ဒီမိသားစုဟာအများအမြင်မှာတော့ အားကျစရာကောင်းနိုင်ပေမဲ့ တကယ်တမ်းတော့အစည်းပြေနေတဲ့ဝါးတွေလိုဖရိုဖရဲဖြစ်နေခဲ့တာကြာခဲ့ပါပြီ။ ကိုယ်ပျော်ရာကိုရှာဖွေရင်း မိသားစုဆိုတဲ့အနှစ်သာရကလည်းပျောက်ကွယ်လို့နေခဲ့တယ်။

ဌာနဆိုင်ရာအရာရှိတစ်ဦးဖြစ်​​သူဒယ်ဒီသည် အငြိမ်းစားယူပြီးသည့်တိုင်အိမ်ကပ်သူမဟုတ်။ အသက် ၆၀ကျော်ပေမဲ့နုပျိုလှတဲ့ဒယ်ဒီဟာ စိတ်ပျိုကိုယ်နုဆိုသလိုခရီးတွေခဏခဏထွက်တတ်ပြီး ထွက်တိုင်းလည်းအဖော်သဟဲလေး​တွေကပါနေတတ်စမြဲ။

ဒါကိုလည်းမာမီကအရေးစိုက်မယ်လို့များထင်သလား။ နှုတ်ခမ်းဖျားမှာစီးကရက်လေးဖွဖွခဲ​ပြီး လက်ဖျား​လေးဝယ်အပွင့်အရွက်ကလေးတွေနဲ့ပျော်မွှေ့နေရရင် တစ်လောကလုံးမေ့နေတတ်တဲ့မာမီက လက်ဖြန့်လိုက်တာနဲ့ရောက်ရှိလာမဲ့ငွေတွေကလွဲလို့ ဒယ်ဒီ့ကိုစိတ်ဝင်စားပုံလည်းမရပါ။

ပက်သက်မှု့တို့ကအေးစက်နေခဲ့တာနှစ်တွေဘယ်လောက်ကြာခဲ့ပြီလဲ။ ဘယ်တုန်းထဲကစတင်ပြိုကွဲလာသလဲကျွန်တော်လည်းမသိခဲ့ပါဘူး။ သတိထားမိတဲ့အချိန်မှာတော့ အရာအားလုံးဟာပြင်ဆင်ဖို့ခဲယဥ်း​နေခဲ့ပြီ။

"ဖိုးခွားပြန်လာပြီလား။ ဒီနေ့စောနေပါလား အမိုးတောင်အစောကလေးကမှ ချက်ပြုတ်လို့ပြီးတာ"

နားယဥ်နေကျခပ်ဝဲဝဲအသံကြောင့်လှည့်ကြည့်ကာပြုံးရယ်​ပြလိုက်ရင်း...။

"ဟာ အမိုးကရေတောင်ချိုးပြီးပြီပေါ့။ သနပ်ခါးအဖွေးသားနဲ့အရမ်းလှနေပါလား"

ဘီးဆံပတ်ပတ်ထား​သောဆံထုံးအက်အက်တွင် သနပ်ခါးပန်းလေးတွေဝိုက်ပန်ထားသောအမိုးကပါးတွင်လည်းသနပ်ခါးအဖွေးသားနှင့်ချစ်ဖွယ်ကောင်းလှသည်။

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now