Part 37 (U)

7.2K 876 349
                                    

Dagon Center အပေါ်ထပ်အောက်ထပ်နှံ့နေအောင် တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်လိုက်ကြည့်နေခဲ့ပေမဲ့ စိတ်တိုင်းကျတာမတွေ့နိုင်သေး။ မတွေ့ဆိုရအောင်လည်း ဘာဝယ်လို့ဝယ်ရမှန်းမသိဘဲလိုက်ကြည့်နေမှတော့တွေ့နိုင်ပါ့မလား။

ညီမင်းသွင်အတွက်မွေးနေ့လက်ဆောင်ဝယ်ရန် ပိုက်ဆံတစ်သိန်းကိုအိတ်ထဲထည့်ပြီးလိုက်ရှာနေမိပေမဲ့ ဘာဝယ်ပေးရမှန်းရေရေရာရာလည်းမသိနိုင်တော့ပေ။ အဝတ်အစားလည်းမပေးချင်သလို သူ့Size ကိုတိတိကျကျမမှန်းတတ်တာလည်းပါတာ​ပေါ့။ ရေမွှေးဆိုင်ရှေ့ရောက်ချိန် သူ့မှန်တင်ခုံပေါ်ကများလှသောပစ္စည်းတွေကိုမြင်ယောင်မိပြန်သည်။ 

မျက်မှန်နှင့် အ​ခြားအမျိုးသားအသုံးအဆောင်တွေဆိုင်ထဲရောက်ပြန်တော့လည်း ဈေးတွေကိုမြင်ပြီးမျက်လုံးကပြူးမိ၏။ ဆိုင်ခန်းအနှံ့လျှောက်သွားရင်းချွေးတွေကစို့ထွက်လာစဉ် အိတ်ထဲကမွေးပွလက်ကိုင်ပုဝါလေးနှင့်ပွတ်သုတ်လိုက်ရင်း သက်ပြင်းကိုချလိုက်မိသည်။ အမြဲအသုံးပြုတတ်​ပြီးကိုယ်နှင့်မကွာရှိနေရမဲ့အသုံးအဆောင်ကဘာရှိသလဲတွေးပြီး ခေါင်းတွေကပူလာ၏။

"စီနီယာအစ်ကို"

နောက်ကခေါ်လိုက်သောအသံတိုးတိုးကြောင့်လှည့်ကြည့်လိုက်စဉ် လက်တစ်ကမ်းအကွာတွင် လှလှပပဝတ်စားထားသည့်ကောင်မလေး ၃ ယောက်က မော်ဒယ်ရှိုးပြနေသည့်အလားစတိုင်မလိုင်လေးတွေနှင့်လှလှပပဝံ့ဝံ့ကြွားကြွား။

အနားတိုးကပ်လာသောဆံတိုမလေးက လက်တစ်ဖက်ရှေ့ထုတ်ပြီးနှုတ်ဆက်လာချိန် ယောင်ကမ်းကမ်းနှင့်ကမ်းပေးလိုက်မိရင်း ခဏလေးဆုတ်ကိုင်လိုက်ပြီးချက်ချင်းပြန်လွှတ်လိုက်၏။ ဘယ်သူတွေလည်းသေ​သေချာချာလည်းမသိပေ။ ကျောင်းကဂျူနီယာလေးတွေများလား။

"ညီမက 1st MB ကသွယ်မွန်အေးပါ၊ အစ်ကိုဂစ်တာတီးတဲ့ဆိုင်ကိုရောက်ဖူးပါတယ်။ အစ်ကိုသီချင်းဆိုတာကိုသဘောလည်းကျပါတယ်"

"ဪ ဟုတ်ကဲ့ခင်ဗျ၊ ကျေးဇူးတင်ပါတယ်ညီမလေး"

"အစ်ကို Center ထဲပတ်နေတာတာ ညီမတို့မုန့်စားနေထဲက​နော်။ ခုထိလည်းဘာမှဝယ်တာမတွေ့သေးလို့၊ ဘာရှာနေတာလဲဟင်။ ညီမတို့ကဒီ Center ထဲမွှေနေကျလေ ဘယ်မှာဘာရောင်းလဲအကုန်သိပါတယ်၊ ရှာနေတဲ့ဆိုင်ပျောက်နေတာလား"

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now