Part 28 (U)

6.7K 866 337
                                    

"စစ်၊ မနက်ဖြန်မှော်ဘီမပြန်ဘူးဆိုရင် ဒီညဒီမှာအိပ်နော်။ မနက်ဖြန်မနက် Oriental မှာ Dim Sum ​သွားစားရအောင်လေ၊ မြတ်သူတို့နဲ့လည်း ချိန်းထားပြီးပြီ"

"အဲလိုပြောမှပြောပါ့မလားလို့"

"အဟက် သိနေတယ်လား၊ ပြောမယ်မှန်းစစ်ဘယ်လိုသိ"

"မင်းနဲ့ဒီလောက်အနေနီးနေမှတော့ မင်းအချိုးအချိတ်တွေကိုအလွတ်တောင်ရနေပါပြီကွာ။ ပြောပါအုံး ဘာတွေစိတ်ညစ်စရာရှိနေပြန်ပြီလဲ၊ မျက်နှာကလည်းသုန်မှုန်နေတာပဲ။ ငါလည်းလေ မင်းနဲ့တွေ့မှပဲလူတွေအကြောင်းပိုပိုသိလာတယ်။ ငါ့ဘာသာနေရင်နားကိုအေးနေတာပါ"

"သဘောကကိုယ်ကအပူကောင်ပေါ့"

"နိုးနိုး ဒီလိုသဘောပြောတာမဟုတ်ပါဘူး။ စကားကိုအထအနမကောက်စမ်းပါနဲ့။ အရင်ဆုံးကုတ်ထားတဲ့မျက်မှောက်ကြီးကိုလျော့လိုက်ပါအုံး။ မင်းဘာသာဘယ်လိုတွေဖြစ်လာဖြစ်လာ ငါ့ရှေ့ရောက်ရင်မျက်နှာကိုပြင်ထားစမ်းပါကွာ၊ အဲလိုမျက်နှာကိုမြင်ရရင်ခေါင်းတွေကိုက်လွန်းလို့ပါ"

စားပွဲပေါ်ကစာအုပ်တွေကိုပြန်စီထပ်ပေးနေရင်း ပြောနေတဲ့စစ်ကဒီတိုက်ခန်းမှာနေရတာအသားကျနေတဲ့ပုံစံနဲ့ သက်တောင့်သက်သာ။ ခုဆိုစစ်နဲ့ခင်မင်ရင်းနှီးခဲ့တာ ၆ လ​ကျော်ခဲ့ပြီ။

စစ်တို့အိမ်ကိုလည်း တစ်လလျှင်နှစ်ကြိမ်လောက်ရောက်တတ်စမြဲ။ ငယ်လေးနဲ့တောင်အတော်အသင့်ရင်းနှီးနေပါပြီ။ ဦးလေးနဲ့ဆိုထွေရာလေးပါးပြောရင်း သိချင်တာတွေမေးရင်းစစ်တို့အိမ်က​လေးကကျွန်တော့်အတွက်ထားတို့အိမ်လိုပဲ ​ခေတ္တနားခိုရာအသိုက်အမြုံလေးတစ်ခုဖြစ်နေ​ပြန်တယ်။

"သီချင်းနားထောင်မလား၊ ဂစ်တာတီးပြမယ်"

ကျွန်တော့်ဘာသာစစ်တို့အိမ်အကြောင်းတွေးနေမိတာကို ဘယ်လိုထင်မြင်သွားတယ်မသိ​​သောစစ်က Cupid ကိုပွေ့ရင်းစကားခေါ်လာ၏။ အမှန်တော့ ဒယ်ဒီ့ကိစ္စနဲ့မကြည်သာခဲ့တဲ့စိတ်တွေက တီကျော့စကားတွေကိုနားထောင်ပြီးအတန်အသင့်လျော့ပါးသွားခဲ့ပြီးပါပြီ။

စာသင်နေချိန်မှာ မှုန်မှိုင်းနေမိတာကကော်ဖီဆိုင်ကိစ္စ။ ဒီနေ့စစ်ကိုစမ်းချောင်းကတိုက်ခန်းမှာသွားကြိုပြီး ကော်ဖီဆိုင်ကိုလိုက်ပို့ပေးခဲ့၏။ ထို့​နောက် မြတ်သူတို့နဲ့ချိန်းထားတဲ့ဆိုင်ကိုသွားခဲ့သည်။ ညစာအတူတူစားသောက်ပြီးအမြန်ပြန်လာခဲ့မိလို့ ဟိုနှစ်ကောင်ရဲ့အဆဲကို​ကောင်းကောင်းခံလိုက်ရသေးတယ်။

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now