Part 66 (U)

5K 562 328
                                    

အခါပေါင်းများစွာခိုဝင်နားခဲ့ဖူးသောမေတ္တာရိပ်မြုံလေးက ယခုတစ်​ကြိမ်တွင်အေးစက်ခြောက်သွေ့နေသည်။ အအေးခွက်လာချပေးတဲ့ငယ်လေးမျက်နှာက ညှိုးငယ်နွမ်း​ဖျော့နေပြီး ကျွန်တော့်ကိုလည်းစေ့စေ့ကြည့်မသွားနိုင်ပါ။

ဦး​လေးထွက်လာပြီး ရှေ့ခုံတွင်ဝင်ထိုင်လိုက်သည်။ လက်ထဲတွင်ကိုင်လာ​သောစာအိတ်အဝါ​ရောင်တစ်လုံးကိုအမြင် ခြေဖျားလက်ဖျားတွေတုန်ရင်သွား၏။

"ပုံထဲမှာပါတဲ့မိန်းကလေးက ဦးသာထွန်းဇံရဲ့သမီးလေးဆို"

"..."

"ဘယ်လိုတွေဖြစ်ခဲ့ကြတာလဲလို့ ဦးလေးမမေးချင်တော့ပါဘူး။ သားညီဘယ်လိုဆုံးဖြတ်ထားသလဲပဲသိချင်တယ်"

"ကျွန်တော်..."

ဒယ့်ဒီထက်တောင်လေးစားခဲ့ရသည့်ဦးလေးရှေ့တွင် သတ္တိတွေကဘယ်နားသွားပုန်းနေလဲမေးရလောက်အောင် ပျောက်ကွယ်နေ၏။ စကားနည်းလှသလိုပြောလိုက်လျှင်တိုတိုရှင်းရှင်းနှင့်ထိထိမိမိပြောတတ်လွန်းသောဦးလေးကို ကျွန်တော်ကြောက်ရွံ့လှသည်။

ခုတော့အကြောက်ရဆုံးလူရဲ့ရှေ့မှာမှ အသိမခံချင်ဆုံးသောကိစ္စနှင့်ရောက်ရှိနေရတဲ့အဖြစ်။ ကိုကိုက​ပြောခဲ့တဲ့အတိုင်း တစ်ကယ်ကိုလုပ်ချလိုက်တာပဲ။ ကိုကိုပြောသလိုဆို နောက်တစ်ဆင့်ကဦးသာထွန်းဇံနှင့်ရင်ဆိုင်ရတော့မှာလား။

"စာထဲမှာပါတဲ့ခြိမ်းခြောက်စကားတွေက တော်တော်စိတ်ပျက်ဖို့ကောင်းတာပဲ။ တစ်သက်မှာတစ်ခါတောင်မကြုံ​တွေ့ခဲ့ဖူးတဲ့အဖြစ်မျိုးပဲ။ ဦးလေးသိက္ခာရှိရှိနေခဲ့တဲ့သက်တမ်းတစ်လျှောက်လုံးမှာ ဒီတစ်ကြိမ်လောက်စိတ်ထိခိုက်ရတာမျိုးမရှိခဲ့ဘူး။ မင်းတို့နှစ်ယောက်က ငါ့ကိုတော်တော်ဒုက္ခပေးတာပါလားညီမင်းသွင်ရာ"

ပြဿနာတွေဖြစ်ခဲ့တဲ့ ၂ လကျော်လုံးလုံး အတွေ့မခံခဲ့တဲ့ဦးလေးနဲ့ပထမဆုံးအကြိမ်တွေ့ဆုံရခြင်းကမျက်နှာမလှခဲ့။ ပြောစရာစကားမရှိတော့သလို မျက်နှာလည်းမဖော်ရဲအောင်ဖြစ်နေရတော့ ခေါင်းကိုသာငုံ့ချထားမိသည်။

"သားညီ ဦးလေးဒူးထောက်ပြီးတောင်းပန်မှရမယ်ဆိုရင် တောင်းပန်ပါ့မယ်။ ဒီတစ်ခါတော့ မင်းနောက်ဆုတ်လိုက်ပါတော့"

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now