Part 11 (U)

9K 1K 199
                                    

ကြိုရောက်နှင့်နေခြင်းကြောင့် ကော်ဖီတစ်ခွက်မှာ​သောက်​ရင်း စစ်မင်းခဆိုတီး​နေတာကိုတစ်နာရီခန့်နားဆင်နေလိုက်သည်။ နောက်ဆုံးသီဆိုမှုအပြီးတွင် ဆိုင်ထဲကနေထွက်လာခဲ့ပြီးစီးကရက်တစ်လိပ်ကိုမီးညှိကာရှိုက်ဖွာရင်း စစ်မင်းခထွက်အလာကိုစောင့်နေလိုက်၏။သိပ်မကြာခင်မှာမျှော်နေသူကထွက်လာသည်။ ကျောပိုးအိတ်လေးကိုဘေးတစ်စောင်းလွယ်လျှက် လက်တစ်ဖက်တွင်ပန်းစည်းကိုဆွဲကိုင်လာ၏။

ကားတံခါးကိုဖွင့်ပေးလိုက်ပြီးမှ မောင်းသူဘက်အခြမ်းကိုပတ်ကာလျှောက်လာရင်း ကျေနပ်သောစိတ်နှင့်တိတ်တခိုးလေးပြုံးလိုက်မိသည်။ စာသင်ပေးရန်လက်ခံပြီးသည့်နောက် ပထမဆုံးတွေ့ဆုံကြခြင်း။ အချိန်ညှိပြီးသားဖြစ်သောကြောင့် ကျွန်တော့်တိုက်ခန်းတွင်သင်ကြားခြင်းစတင်ရန်ချိန်းဆိုထားခဲ့ခြင်းဖြစ်၏။

ဆိုင်ရှေ့ကနေမောင်းထွက်လာချိန်ထိ အတွေးကိုယ်စီနှင့်တိတ်ဆိတ်နေမိသည်။ ငြိမ်ငြိမ်လေးထိုင်နေသူဘက်အသာလှည့်ကြည့်လိုက်ရင်း တိတ်ဆိတ်ခြင်းကိုဖြိုခွင်းလိုက်၏။

"နာရီဝက်လောက်မောင်းရဦးမှာ၊ စစ်ခဏအိပ်လိုက်ပါလား။ ရောက်ရင်နှိုးမယ်"

"ရပါတယ်၊ ကျွန်တော်မအိပ်ချင်ပါဘူး"

"အားတဲ့အချိန်လေးမှာကိုယ့်ကိုကူညီပြီးစာသင်ပေးမယ်ဆိုလို့ ကျေးဇူးတင်ပါတယ်"

"ဟုတ်ကဲ့"

"စစ်ကကိုယ့်ထက်ကြီးသလိုစာလည်းသင်ပေးမဲ့သူဆိုတော့ ရင်းရင်းနှီးနှီးပြောပါဗျာ။ ဟုတ်ကဲ့လို့ပြောတာသိပ်အဆင်မပြေဘူးလားလို့"

"အမ်း.. အဲလိုလား။ ဟုတ်ပါပြီ"

"ခုသွားမဲ့တိုက်ခန်းက​ သူငယ်ချင်းတွေနဲ့အေးအေးဆေးဆေးနေချင်တဲ့အခါသွားနေတတ်သလို၊ တစ်ယောက်ထဲ​နေချင်စိတ်ပေါ်လာရင်လည်းသွားနေတတ်တယ်။ ကိုယ့်အိမ်မှာသင်မယ်ဆိုရင် အရမ်းဝေးသွားလို့ ဒီတိုက်ခန်းမှာသင်ဖို့စီစဉ်လိုက်ရတာပါ။ စစ်တို့တိုက်ခန်းနဲ့မနီးပေမဲ့အသွားအပြန်ကြိုပို့ပေးမှာမို့ စိတ်မပူပါနဲ့နော်"

ကလေးတွေကိုလည်းအိမ်သွားပြီးသင်ပေးရတာဖြစ်သောကြောင့် စစ်မင်းခအတွက်ညီမင်းသွင်တိုက်ခန်းကိုလိုက်သင်ရတာပုံမှန်လိုပါပဲ။ သို့သော် သင်ရတဲ့အချိန်ကကော်ဖီဆိုင်ကအပြန်ဖြစ်နေသောကြောင့်ဉာဥ့်နက်နေ၏။ ဆယ်တန်းစာမေးပွဲပြီးတော့မှာဆိုတော့ မတ်၊ ဧပရယ် ၂ လလောက်အချိန်ပေးနိုင်ပါ​ပြီ။

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now