Part 73 (U)

6.9K 656 773
                                    

2013 Jan
Nyi Minn Thwin

ချိန်းဆိုထားတဲ့နေရာကိုရောက်ချိန်တွင် သူငယ်ချင်းအားလုံးစုံနေပြီ။ Maternity Coat လှလှလေးနှင့်ပြည့်ပြည့်ဖြိုးဖြိုးလေးဖြစ်နေသောငထားဘေးဝင်ထိုင်လိုက်ပြီး...။

"ဒီမီးပုံးပျံကြီးက တန်ဆောင်တိုင်ထိစောင့်နိုင်မယ်မထင်ဘူး။ ဘယ်တော့​လဲငထား"

"နောက်လကုန်"

စူပုတ်ပုတ်မျက်နှာထားနှင့်မကြည်မသာပြန်ဖြေသည်။ ဘာအကြောင်းကြောင့်မကြည်မသာနေတယ်သိပေမဲ့ အရေးလုပ်ပြီးပြောမနေချင်တော့ပါ။ ဆုံးဖြတ်ပြီးသားကိုဘာအကြောင်းနှင့်မှပြင်ဆင်ရန်စိတ်မကူးနိုင်တော့ပါလေ။

"မေပုလဲ၊ နင့်ပဲလင်းမြွေရောမပါဘူးလား"

"နင်မေကြီးတော်ပဲလင်းမြွေလား။ ဇွဲလင်းနွေပါဟာ"

"သိသားပဲ။ လူကပိန်ပိန်ရှည်ရှည်ဖြူဖပ်ဖြူရော်နဲ့မို့ပဲလင်းမြွေလို့ခေါ်တာ"

"သူများကိုပြောရမယ်ဆိုရင် နင်သိပ်တတ်နော်မုန့်ကုလားမည်း၊ ငါတို့ချင်းပဲတွေ့ချင်လို့တမင်ခေါ်မလာတာ"

ထားတို့နှစ်ယောက်ကိုစနောက်လိုက်ပြီးမှ တစ်ကျိတ်ကျိတ်ဖြစ်နေသောဖအေမတူမအေကွဲ ဘာချင်းဆက်မှန်းမသိသောမြတ်သူတို့ဘက်လှည့်ကြည့်လိုက်၏။

တည့်ချင်ရင်သူတို့အပြင်မရှိသလို ရန်လည်းသတ်နိုင်လွန်းတဲ့နှစ်ယောက်။ ခုလည်းတွေ့တာသုံးရက်မပြည့်သေး၊ ဘာ​တွေဖြစ်နေကြမှန်းမသိတဲ့မျက်နှာတွေကတစောင်စောင်။

အရေးစိုက်ပြီးမေးမနေတော့ဘဲ လာချပေးထားတဲ့အစားအသောက်တွေကို ထားနှင့်သီရိပန်းကန်ထဲကောင်းနိုးရာရာလေးတွေထည့်ပေးနေစဉ်...။

"အားလုံး Ready ပဲမဟုတ်လား"

"အေး"

"ငါတို့နှစ်ယောက်လိုက်ခဲ့မှာနော်"

"ကောင်းတာပေါ့ ပစ္စည်းတွေသယ်ဖို့အလုပ်သမားငှားနေစရာမလိုတော့ဘူးပေါ့ကွာ။ နော့ ငထားရာ"

"အေး၊ နှစ်ကောင်တွဲမိတုန်းကောင်းကောင်းနှိပ်စက်ပစ်လိုက်"

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now