"ထားလေးပါလား၊ ဘာတွေလာပို့ပြန်တာလဲ"
"ဒီနေ့မေမေ့သူငယ်ချင်းမိသားစုကိုအိမ်လည်ဖိတ်ထားလို့ နန်းကြီးသုပ်လုပ်စားတာအမိုးရေ"
လက်ထဲကငါးဆင့်ချိုင့်ကိုလက်လွှဲပေးလိုက်ရင်းအမိုးသွားရာနောက်လိုက်ကာအိမ်အခြေအနေကိုအကဲခတ်ရပြန်သည်။ မနက် ၁၀ နာရီဝန်းကျင်အချိန်တွင် မင်းသွင်တို့အိမ်ကတိတ်ဆိတ်နေ၏။ အမိုးနှင့်အကူမိန်းကလေးနှစ်ယောက်ကလွဲလို့အိမ်သားတွေကိုမတွေ့ရ။ မင်းသွင်တစ်ယောက်နိုးများမနိုးသေးလို့လားအတွေးနှင့်မေးလိုက်မိသည်။
"အမိုးရဲ့ဖိုးခွားရော"
"ရှိပါ့၊ ကားဂိုထောင်ပြန်ပြင်ဖို့ဆိုပြီး အလုပ်သမားတွေရောက်လာလို့သွားကြည့်နေကြတယ်။ ထားတို့လည်းစာမေးပွဲပြီးပြီလား"
"ဟုတ်ကဲ့ ပြီးပါပြီအမိုး"
အမိုးကချိုင့်ကိုသေချာဆေးကြောကာအဝတ်သန့်သန့်နှင့်သုတ်ပြီးမှ တစ်ဆင့်ကိုကိုင်ပြီးမီးဖိုထဲဝင်သွား၏။
"ဘာချက်လဲအမိုး"
"ဖိုးခွားပေါ့၊ ဒီချိန်ကြီးမှတာဟဲပိုးစားချင်တယ်ဆိုလို့ ရှိတာလေးနဲ့ချက်ထားရတယ်၊ အမှန်တော့တာဟဲပိုးကဖရုံရွက်နဲ့မှပိုစားကောင်းတာမျိုး၊ ခုတော့ဘူးညွန့်ရယ်ပဲသီးနဲ့ပဲချက်လိုက်ရတယ်။ ဆိတ်သားခြောက်လေးကိုလည်းမွှပြီးထည့်တာတယ်။ အိနေတာပဲ ချိုချိုစပ်စပ်လေး"
"ဒီနေ့တော့ထမင်းစားလို့ကောင်းပြီပေါ့အမိုးရာ၊ ကျေးဇူးတင်ပါတယ်"
"ကျေးဇူးတင်စရာလိုသလား။ အမိုးချက်တာကိုကြိုက်တယ်ဆိုတာနဲ့တင် အမိုးကပျော်နေရတာပါ"
"မင်းသွင်နောက်ကိုလိုက်သွားလိုက်ဦးမယ်နော် အမိုး"
"အေး သွားသွား၊ ချိုင့်ကိုအိမ်ရှေ့ကစားပွဲပေါ်တင်ထားမယ်။ သူငယ်ချင်းနဲ့လေတွေပေါပြီးချိုင့်လည်းမေ့မသွားနဲ့ဦး"
မုန့်လာပို့တိုင်းချိုင့်ပြန်ယူသွားရန်မေ့တတ်လွန်းသောထားအကြောင်း အမိုးကနောကြေနေတော့သတိလှမ်းပေးသည်။ အိမ်ရှေ့ထွက်လာစဉ် အခန်းထဲကထွက်လာသောဒေါ်ချယ်ရီခင်နှင့်မျက်နှာချင်းဆိုင်တိုး၏။
YOU ARE READING
ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤