Part 16 (Z)

2.4K 176 24
                                    

စာမေးပွဲအတွင်းဖြစ်နေသောကြောင့်လူလည်းစာတွေပိပြီးပျာယာခတ်လို့နေရ၏။ စာအုပ်ပုံကြားခေါင်းစိုက်လို့အသည်းအသန်ကျက်မှတ်နေတာကိုကြည့်ပြီးမိုးကမျက်စောင်းခဲလို့ငေါ့၏။

"ငါတို့ကအသည်းအသန်စာကျက်နေရတာထားပါတော့၊ မင်းခ နင်ကတော့နည်းနည်းများလွန်တယ်မထင်ဘူးလား။ နင့်လောက်စာရတာလည်းနင်ပဲ နင့်လောက်ပျာယာခတ်နေတာလည်းနင်ပဲ၊ တကတည်းကြည့်လို့ကိုမရတော့ဘူး"

ကျက်ထားတာတွေကို Note ထုတ်၊ တကုတ်ကုတ်ဖြစ်နေလျှက်မှကိုယ့်အကြောင်းနှင့်ကိုယ်ပြန်ပြောပြမနေတော့ပါ။ အရင်ကတော့ Guide ကလေးတွေလည်းမရှိလို့စာကျက်ချိန်တွေလုံလုံလောက်လောက်ခဲ့ပေမယ့် Dental လေးကိုလိုတာထက်ပို၍ပေးခဲ့မိတဲ့အချိန်တွေကြောင့် စာတွေကထင်သလောက်မရခဲ့ပါ။ အခုလိုဖင်နားကပ်မှတွန်းကျက်နေရင်း အချေကောင်လေးဖြေရောဖြေနိုင်ရဲ့လားတွေးပူမိပြန်၏။ ပြန်မေးကြည့်သလောက်တော့ ကျေနပ်လောက်စရာအခြေအနေဖြစ်နေလို့ဖြေတော့ဖြေနိုင်မှာပါလေ။ နောက်နှစ်ဘာသာဖြေပြီးလျှင် First Test ပြီးလို့ကျောင်းလည်းတစ်လပိတ်ပါတော့မည်။ မှော်ဘီကိုလိုက်ပို့ချင်ပါတယ်ပြောလာသူကိုအင်းမလုပ်အဲမလုပ် လုပ်ထားခဲ့တဲ့အဖြစ်ကလည်းရှိနေပြန်သေး၏။ ဘယ်လိုကြောင့်များတောရွာကလေးကိုဓာတ်ကျနေသလဲမသိပါ။ စာမေးပွဲရက်အတွင်းလည်းသင်ကြားခြင်းတွေရပ်နားထားရလို့မတွေ့ရတာ ၅ ရက်တောင်ရှိနေပါပြီ။

"အမလေးလေး၊ စာတွေစာတွေကျက်သမျှဘယ်တွေပြေးကုန်လည်းမသိတော့ပါဘူး၊ ငါ့ခေါင်းထဲဘာမှမရှိတော့သလိုပဲ၊ ထောင်ထောင်မောင်းမောင်းအားကိုးချင်စရာကောင်းတဲ့အကိုကြီးတစ်ယောက်လောက်လာရှင်းပြမှဖြစ်တော့မယ်"

ဘေးနားကနေဟာသဖောက်လို့ပေါက်တတ်ကရတွေအော်နေတဲ့မိုးကြောင့် ဘောပင်ကိုလက်ကချ၊ ဇက်ကိုတစ်ချက်နှစ်ချက်ချိုးလို့အညောင်းဖြေလိုက်ပြီးမှ တတောင်နှင့်လှမ်းတွတ်လိုက်ရင်းစနောက်လိုက်မိတာကျွန်တော့်အမှားဖြစ်လို့သွားရ၏။

"ထောင်ထောင်အောင်းမောင်းနဲ့ မောင်လေးတစ်ယောက်ဆိုရင်ရော မိုး ဟင်"

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now