Part 39 (U)

7.9K 831 282
                                    

ငှက်ကလေးတွေရဲ့အော်မြည်သံလေးနားထဲသို့တိုးဝင်ရောက်လာချိန် အကျင့်ဖြစ်နေပြီဖြစ်သောမျက်ဝန်းတို့ကပွင့်လာ၏။

အိပ်ချင်စိတ်မပြယ်သေးသောမျက်ဝန်းကိုပြန်မှေးမှိတ်ထားလိုက်ပြီးမှ နံနက်အိပ်ယာနိုးချိန်တိုင်းရွတ်တတ်သည့်ဘုရားဂုဏ်တော်ကိုးပါးနှင့် သရဏဂုံကိုရွတ်ဖတ်နေစဉ်ထူးခြားသောအနေအထားကြောင့် အသိကလူတွင်ကပ်မိချိန်တင်းကျပ်စွာခံစားနေရသည့်အထိကိုသတိပြုလိုက်မိသည်။

စောင်ခြုံထားသည့်တိုင် ထိုထက်နွေးထွေးတင်းကျပ်နေရခြင်းကကိုယ်ခန္တာတစ်ခုနှင့် နီးနီးကပ်ကပ်ရှိနေတာကိုသိလိုက်၏။ အနေအထားကိုသတိပြုလိုက်မိချိန်တကိုယ်လုံးရှိသွေးတွေက တဖျင်းဖျင်းဖြစ်လာတော့သည်။

မလှုပ်သာလှုပ်သာနှင့်အသာရုန်းကြည့်လိုက်မိ​သော်လည်း နည်းနည်းလေးမှပြောင်းလဲမသွား။ ခါးတွင်ရစ်ပတ်ထားသောလက်တစ်ဖက်ကခိုင်မြဲလှသလို ပေါင်ပေါ်ရောက်နေသောခြေအစုံကြောင့် အဖိခံထားရသောခြေထောက်တွေက ထုံသည့်ဘက်ကိုတောင်ရောက်နေ၏။

အရိုင်းဆန်စွာခုန်ပေါက်လာသောနှလုံးခုန်သံကို အနီးဆုံးမှာရှိနေသူကြားသွားမှာတောင်စိုးမိပါတော့သည်။ စိတ်ကိုတည်ငြိမ်အောင်ထိန်းချုပ်လိုက်ပြီးမှ ခါးပေါ်​ရောက်​နေ​သောလက်ကိုအသာမပြီးဘေးကိုဖယ်ချလိုက်၏။

တုတ်တုတ်မလှုပ်တဲ့နောက်ကလူကြောင့်လက်ကိုအောက်သို့ဆုန်ဆင်းလိုက်ပြီးမှ တောင့်တင်းလှသောခြေတစ်ဖက်ကိုတဖြည်းဖြည်းချင်းတွန်းချလိုက်ချိန် နိုးသွားမှာစိုးလွန်းလို့အသက်တောင်ပြင်းပြင်းမရှူရဲတဲ့ဘဝ။

ချုပ်နှောင်ထားမှုတွေလွတ်ကင်းသွားချိန်ထိ အသက်ရှူသံမှန်မှန်နှင့်အိပ်မောကျနေစဲဖြစ်သောဂေါ်ဇီလာပေါက်စရဲ့အခြေအနေကိုသိလိုက်ရမှ သက်ပြင်းမောကိုချလိုက်မိသည်။

အပြင်တွင်နေရောင်တောင်မမြင်ရသေး။ ပြတင်းပေါက်ကတစ်ဆင့်ဝင်လာတဲ့လေထုအေးအေးကနဖူးစပ်ကချွေးစတို့ကိုတိုးတိုက်သွား၏။

ညစဉ်ညတိုင်းပြတင်းတံခါးကိုအကုန်ပိတ်ပြီးမှအိပ်နေကျ။ အအေးကြိုက်လှသည့်ကောင်လေးကြောင့် တမင်မပိတ်ဘဲတစ်ချပ်ကိုလှစ်ဟထားခဲ့ရခြင်းဖြစ်သည်။

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now