Part 5 (U)

10.2K 1.1K 325
                                    

POV of Sitt Minn Kha

"အစ်ကိုစစ်မင်းခ"

တီးဝိုင်းခေါင်းဆောင်ကိုစိုင်းနှင့်ကူညီသိမ်းဆည်းနေစဥ် ခေါ်သံကြောင့်လှည့်ကြည့်လိုက်မိချိန် မွေးနေ့ရှင်ဂျူနီယာလေးကိုတွေ့လိုက်ရ၏။

"ညီမသူငယ်ချင်းတွေကလေ အစ်ကိုနဲ့မိတ်ဆက်ချင်​ကြလို့တဲ့၊ ခဏလောက်လိုက်ခဲ့ပေးလို့ရမလားဟင်"

မွေးနေ့ကျင်းပရာခြံဝန်းလေးထဲတွင် ဧည့်သည်များမရှိကြတော့ပါ။ ပွဲပြီးသွားချိန်တွင်တီးဝိုင်းအဖွဲ့သားအားလုံးကိုစားသောက်ဖွယ်ရာများနှင့် ထပ်မံဧည့်ခံပေးနေပြန်သောကြောင့် တီးဝိုင်းပစ္စည်းတို့ကိုကားပေါ်တင်ပြီးမှ အေးအေးလူလူတစ်ခေါက်စားသောက်နေ​ကြသောအဖွဲ့သားတို့ကိုလှမ်းကြည့်လိုက်ရင်း...။

"ကိုစိုင်း၊ ကျွန်တော်ဒီညီမလေးနဲ့ ခဏလိုက်သွားလိုက်ဦးမယ် "

"သွားလေ၊ အားလုံးတင်လို့ပြီးပြီပဲ၊ အေးဆေးသွားပါ။ မိန်းကလေးတွေကို ကိုဒီးကားနဲ့အရင်ပြန်ပို့ခိုင်းလိုက်မယ်။ အစ်ကိုတို့ကဒီကားနဲ့ပြန်ကြတာပေါ့"

ကိုစိုင်းကိုအသိပေးခဲ့ပြီးမှ မွေးနေ့ရှင်လေးခေါ်ဆောင်ရာစားပွဲဝိုင်းဆီလိုက်လာခဲ့၏။

အားလုံးပြီးဆုံးသည့်တိုင် မ​ပြန်​ကြ​သေးတဲ့လူတစ်စုက လူရင်းတွေဖြစ်ပုံရ၏။ မိတ်ဆက်ပေးရန်လာခေါ်ခြင်းကြောင့် ပင်ပန်းနွမ်းနယ်နေပေမဲ့ အားတင်းပြုံးပြရင်း စကားစမြည်ဆိုရ​ပြန်ပါသည်။

လူရည်သန့်လေးတွေဖြစ်ကြပြီး ပွင့်ပွင့်လင်းလင်းချီးကျူးနေခြင်းကြောင့် ပြန်ကာနှုတ်ဆက်နေစဥ် စူးစိုက်ကြည့်နေသောမျက်နက်ဝန်းတစ်စုံကိုသတိပြုလိုက်မိ၏။

တခြားသူတွေလိုဝင်ရောက်ပြောဆိုခြင်းမရှိဘဲ လူကိုပဲအကဲခတ်စူးစိုက်​ကြည့်နေသောမျက်ဝန်းတို့ကြောင့် ဆုံများဆုံခဲ့ဖူး​လေသလားရယ်ပြန်စဥ်းစားလိုက်ရပြန်၏။

သို့သော် အင်မတန်ကောင်းသောမှတ်ညဏ်ကြောင့် တစ်ကြိမ်တစ်ခါမျှမဆုံခဲ့ဖူးတာသေချာပါ၏။

အတွင်းကရှပ်အင်္ကျီကို ကြယ်သီးနှစ်လုံးဖြုတ်ကာလှစ်ဟထားပြီး အပေါ်ကုတ်ကလည်းဖရိုဖရဲဖြစ်နေသလို ခုံကိုလျော့တိလျော့ရဲမှီထိုင်ထားသောပုံစံက ပျင်းတိပျင်းရွဲနိုင်လှ၏။ ကြည့်ရတာအတော်သောက်ထားတယ်ထင်ပါရဲ့။

ရင်ခုန်သံအချစ်တေးသွား နှလုံးသားဖြင့်ကြားစေသား ❤Where stories live. Discover now